10

48 5 1
                                    

ဒိုယောင်း တလက်လက်တောက်ပနေတဲ့ ထယ်ယုံးရဲ့မျက်ဝန်းအကြည့်တွေကို မသိချင်ယောင်ဆောင်ရင်း ခြံထဲသို့ဝင်ခဲ့လိုက်သည်။
ခြံထဲကိုဝင်လိုက်တာနဲ့ မသိစိတ်ရဲ့ဦးဆောင်မှုကြောင့် ခြံထောင့်ကဒန်းလေးဆီအကြည့်ရောက်သွားမိသည်။
ထိုနေရာကား ဒိုယောင်းနဲ့ထယ်ယုံးတို့စတင်သိကျွမ်းခဲ့သည့်နေရာ။
ထယ်ယုံးက သူ့ထက်အသက်ကြီးနေလို့ ဝမ်းပန်းတနည်းငိုခဲ့ဖူးတဲ့နေရာ။

အမှတ်တရတွေကိုပြန်တွေးလိုက်မိပြီးမှ အသိစိတ်ပြန်ကပ်သွားတာမို့ အိမ်ဘက်ကိုသာခပ်သွက်သွက်လျှောက်လာလိုက်သည်။
ငယ်ငယ်ကတည်းကနေထိုင်ခဲ့ရာနေရာဖြစ်တာကြောင့် ဒိုယောင်းအတွက်တော့ ခြေတစ်လှမ်းလှမ်းလိုက်လေ နှလုံးသားကတင်းကြပ်လေးလံလာလေဖြစ်ပေမယ့် ထယ်ယုံးရှေ့မှာတော့ တစ်ချက်လေးမှခြေလှမ်းမတုံ့ဆိုင်းစေဘဲ အိမ်ထဲကိုဝင်ခဲ့လိုက်သည်။

အိမ်ထဲကိုဝင်လိုက်တာနဲ့ လွန်ခဲ့တဲ့ခုနစ်နှစ်ကနဲ့ နည်းနည်းလေးတောင် ကွဲပြားသွားခြင်းမရှိတဲ့ အပြင်အဆင်ကြောင့် သက်ပြင်းသာခိုးချမိတော့သည်။

ထယ်ယုံးနဲ့အခြားသူတွေ အောက်ထပ်မှာရှိနေတုန်း ဒိုယောင်းတစ်ယောက်တည်း အပေါ်ထပ်ကိုတက်ခဲ့ပြီး သူ့အခန်းဖြစ်ခဲ့ဖူးတဲ့အခန်းလေးဆီဝင်ခဲ့လိုက်သည်။
တစ်အိမ်လုံးနီးတူပါပဲ။ သူ့အခန်းဟာလဲ အရင်အတိုင်းမပြောင်းမလဲရှိနေဆဲ။
ဒီလိုတစ်ပုံစံတည်းတူနေအောင်ထိန်းသိမ်းထားဖို့က မလွယ်ကူတာမို့ ထယ်ယုံးရဲ့အားထုတ်မှုကို တိတ်တဆိတ်ချီးကျူးမိသည်။ ဒါပေမယ့် လက်ရှိရဲ့ဒိုယောင်းရဲ့အကြိုက်က အရင်ဒိုယောင်းရဲ့အကြိုက်နဲ့မတူညီတော့။

“ အရင်တုန်းကပုံစံအတိုင်းပဲမလား ”

ရုတ်တရက်ရောက်လာတဲ့ထယ်ယုံးကြောင့် ဒိုယောင်းလှဲနေရာမှ ထထိုင်လိုက်မိတော့သည်။

“ အင်း ”

“ ငါ့စိတ်ကလဲ ဒီအခန်းနဲ့ထပ်တူပဲ ယောင်း ငါ မင်းကို... ”

“ ဒိုယောင်းနား ”

ထယ်ယုံးရဲ့စကားမဆုံးခင် ဂျောန်နီရဲ့ခေါ်သံထွက်လာတာကြောင့် ဒိုယောင်း ဂျောန်နီ့ကိုကျေးဇူးတင်မိသွားသည်။ မဟုတ်ရင် သူထယ်ယုံးကိုဘယ်လိုတားဆီးရမည်မှန်း သိတော့မည်မဟုတ်။

THE SECOND CHANCE Where stories live. Discover now