11

49 11 0
                                    

အစီအစဉ်ရိုက်ပြီး တစ်လကြာသွားတဲ့နောက်မှာ ဒိုယောင်းရဲ့နေ့စဉ်ဘဝဟာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လာသည်။
နေ့စဉ် ရိုက်ကွင်းတွေသွားရင်း ကြော်ငြာတွေရိုက်ရင်း အရာအားလုံးကိုမေ့ဖျောက်ထားမိသည်။

“ ဒိုယောင်းနား ဂရိုဂျူဆာဂျောင်ဖုန်းဆက်တယ် ”

ရိုက်ကွင်းခဏနားတုန်း မန်နေဂျာဖြစ်တဲ့ဒုံဟျွန်းဟျောင်းက ဂျယ်ဟျွန်းဖုန်းဆက်ကြောင်း အသိပေးလာတာတော့သည်။

“ ဘာတဲ့လဲ ဟျောင်း ”

“ ပရိုဂရမ်ကို နောက်လထဲစလွှင့်ပြီး ဒီအပတ်တနင်္ဂနွေနေ့ကစပြီး တစ်ပတ်ကိုတစ်ယောက်နှုန်းနဲ့ တစ်ဦးချင်းပိုစတာတွေထုတ်သွားမယ်လို့ပြောတယ် ”

ကြိုတင်သိပြီးသားအကြောင်းအရာဆိုပေမယ့် ဒိုယောင်းအနည်းငယ်စိတ်ထဲလေးလံသွားရသည်။

ဒုံဟျွန်းဟျောင်းဆီကသတင်းကြားပြီးကတည်းက ဒိုယောင်းရိုက်ကူးရေးမှာ အာရုံမစိုက်နိုင်တော့။
NGခဏခဏဖြစ်နေတာကြောင့် ဒါရိုက်တာကိုခွင့်တောင်းကာ နေ့တစ်ဝက်နားလိုက်ရတော့သည်။

အိမ်ကိုပြန်ရောက်တာနဲ့ ကုတင်ပေါ်ကိုခြေပစ်လက်ပစ်လှဲချလိုက်မိသည်။

လှဲနေ‌တုန်း ဖုန်းဝင်လာသံကြားလို့ ဖုန်းကိုဖွင့်ကြည့်လိုက်တော့
တန့်ဆီကဖြစ်နေတာကိုတွေ့လိုက်ရသည်။
ရိုက်ကူးရေးနောက်ဆုံးနေ့တုန်းက ဒိုယောင်းက ဆုံးဖြတ်ချက်ချပြီးတာနဲ့ တန်းပြန်လာခဲ့တာမို့လို့ တန်တို့နဲ့သေချာမနှုတ်ဆက်ခဲ့ရသလို ဒီကာလတွေမှာလဲ အလုပ်တွေများနေခဲ့တာမို့ သေချာအဆက်အသွယ်မလုပ်နိုင်ခဲ့။

“ ဟဲလို ”

“ ဒိုယောင်း ကျွန်တော်တန်ပါ ”

“ ဟုတ်ကဲ့ ကျွန်တော်သိပါတယ် ”

“ ဧကန္တ သိပြီးပြီလားဟင် ဒီနေ့ည... ”

“ ဟုတ်ကဲ့ သိထားပါတယ် ဂျယ်ဟျွန်းနီဖုန်းဆက်ပြောထားလို့ ”

“ အခု ကျွန်တော်တို့သုံးယောက် အတူတူရှိနေတာလေ အဲ့တာ အားရင် လာမလားဟင် ”

ကျွန်တော်နဲ့ဂျော်န်နီသာဆိုချက်ချင်းထသွားလိုက်မှာဆိုပေမယ့် သုံးယောက်အတူဆိုတာကြောင့် အနည်းငယ်အတွေးများသွားရသည်။
ထယ်ယုံးနဲ့တွေ့ဖို့အဆင်ပြေပါ့မလားဆိုတာ မသေချာပါ။
စဉ်းစားရင်းနဲ့ ဂျောန်နီနဲ့တန်ကိုလဲမတွေ့ရတာ အတော်လေးကြာနေပြီမို့လို့ သွားဖို့သာဆုံးဖြတ်လိုက်မိတော့သည်။

THE SECOND CHANCE Where stories live. Discover now