Question No (3)

69 13 1
                                    

“ နှစ်ယောက်မှာ ဘယ်သူက အရင်ဆုံးဖွင့်ပြောခဲ့လဲဆိုတာ ပြောပြလို့ရမလား ”

“ ___ ”

“ ____”

.
.
.

ဒေါက်...ဒေါက်

မနက်စောစောစီးစီး အခန်းတံခါးလာခေါက်တဲ့အသံကြောင့် အအိပ်ဆတ်တဲ့ဒိုယောင်းမှာ လန့်နိုးသွားရသည်။

“ ဟုတ်ကဲ့ ”

“ ဒိုယောင်းနား ငါပါ ”

ရုတ်တရက်ကြားလိုက်ရတဲ့ ထယ်ယုံးအသံကြောင့် ဒိုယောင်းအိပ်မက်မက်နေသည်ဟု ယူဆလိုက်မိသည်။ ထယ်ယုံးက သူ့ဆီကို မနက်စောစောစီးစီးလာလေ့မှ မရှိလေဘဲ။

ခဏထပ်အိပ်ပြီး‌တော့ မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ဘေးမှာထိုင်နေတဲ့ ထယ်ယုံးကိုမြင်လိုက်ရတော့ ဒိုယောင်းအံ့ဩသွားရသည်။ ကြည့်ရတာ စောနက အခန်းတံခါးလာခေါက်တာက အိပ်မက်မဟုတ်ခဲ့ပုံပင်။

“ အီထယ်ယုံး? ”

နာမည်ကိုခေါ်လိုက်ပြီးမှ အိပ်ရာကထကာစမို့ အသံကထူးထူးဆန်းဆန်းဖြစ်နေတာကို သတိပြုလိုက်မိတာမို့ ဒိုယောင်းမှာအနည်းငယ်ရှက်သွားရသည်။

“ မနက်အစောကြီး ဘာကိစ္စရှိလို့လဲ ”

“ အောက်ထပ်... အောက်ထပ်ရောက်မှပြောတော့မယ် မြန်မြန်သန့်ရှင်းရေးလုပ်ပြီးဆင်းလာ ”

စကားတွေ အထစ်ထစ်အငေါ့ငေါ့ပြောရင်း ထွက်ပြေးသွားတဲ့ ထယ်ယုံးကိုကြည့်ပြီး ဒိုယောင်းမှာကြောင်တက်တက်လေး ကျန်ရစ်ခဲ့သည်။

** ဒီကောင်ဘာဖြစ်သွားတာပါလိမ့် **

အောက်ထပ်မှာစောင့်နေမယ်ဆိုတဲ့သူကြောင့် ဒိုယောင်းရေပင်ချိုးမနေတော့ဘဲ မျက်နှာပဲခပ်သွက်သွက်သစ်ပြီး အောက်ဆင်းလာခဲ့သည်။

အောက်ထပ်ရောက်တော့ မနက်စာပြင်ပေးနေတဲ့မေမေနဲ့ မေမေ့ကိုကူပေးနေတဲ့ထယ်ယုံးကိုကြည့်ပြီး ယောက္ခမနဲ့သမက်နဲ့တူတယ်ဆိုတဲ့ ပေါက်ကရအတွေးက ခေါင်းထဲကိုဝင်လာတာမို့ အသာခေါင်းယမ်းရင်း ဖယ်ရှားလိုက်ရသည်။ အီထယ်ယုံးကို ယောက်ဖမတော်ချင်ပါ။ တော်ချင်ရင်တောင် ဒိုယောင်းမှာအစ်မရှိမနေ။

THE SECOND CHANCE Where stories live. Discover now