Question No (7)

64 12 0
                                    

" နှစ်ယောက်သားဘယ်လောက်ကြာတဲ့အထိတွဲခဲ့လဲဆိုတာနဲ့ လမ်းခွဲခဲ့တဲ့အကြောင်းအရင်းကို ပြောပြပေးနိုင်မလား "

" တွဲခဲ့တဲ့ကာလက လေးနှစ်နဲ့ခုနစ်လဖြစ်ပြီးတော့ လမ်းခွဲခဲ့ရတဲ့အကြောင်းအရင်းကိုတော့ ကျွန်တော်လဲသေချာမသိပါဘူး ဖြစ်နိုင်တာက အဲ့တုန်းက ကျွန်တော်ကသူ့အပေါ်ကိုလုံလောက်တဲ့အထိ မကောင်းခဲ့လို့ထင်ပါတယ် "

.

ဒိုယောင်းတို့နှစ်‌ ‌‌ယောက်ဆိုးလ်ကိုရောက်လာတဲ့အချိန်မှာ ရင်ဆိုင်ခဲ့ရတာက လူမှုရေးတစ်ခုတည်းသာမဟုတ် စီးပွားရေးပြဿနာကိုလဲ အတော်အသင့်ကြုံတွေ့ခဲ့ရသည်။

နှစ်‌ယောက်လုံးက ‌တက္ကသိုလ်တက်ပြီးနောက် မိဘဆီကလက်ဖြန့်မတောင်းချင်သူတွေဖြစ်တာကြောင့်
အိမ်ငှားခကလွဲလို့ နေထိုင်စားသောက်စားရိတ်နဲ့ ကျောင်းစားရိတ်ကို နှစ်ယောက်သားအချိန်ပိုင်းအလုပ်တွေလုပ်ရင်း ကြိုးစားရှာဖွေခဲ့ရသည်။

အထက်တန်းကတည်းကစာတော်တဲ့ဒိုယောင်းက အထက်တန်းနဲ့အလယ်တန်းကျောင်းသားတွေကိုစာသင်တဲ့အလုပ်ကိုလုပ်ခဲ့ပြီး ပန်းချီဆွဲရာမှာတော်တဲ့ ထယ်ယုံးကတော့ကဖေးတစ်ခုနဲ့ သင်တန်းကျောင်းတစ်ခုမှာ ကလေးတွေကိုပန်းချီသင်တဲ့အလုပ်ကိုလုပ်ခဲ့သည်။

တတိယနှစ်ရောက်တဲ့အခါမှာတော့ ထယ်ယုံးကကျောင်းရဲ့‌ထောက်ခံချက်နဲ့ ပြည်တွင်းအဝတ်အစားကုမ္ပဏီတစ်ခုမှာ အလုပ်သင်လုပ်ခွင့်ရခဲ့သလို ဒိုယောင်းကပြဇာတ်သရုပ်ဆောင်အလုပ်ကိုစတင်နိုင်ခဲ့သည်။
ကျောင်းနှစ်ပတ်လည်ပွဲအတွက် ဒိုယောင်းတို့ဌာနက တင်ဆက်ခဲ့တဲ့ပြဇာတ်က အတော်လေးနာမည်ကြီးသွားခဲ့တာကြောင့် ဒိုယောင်းတို့အားလုံးအတွက် ပရော်ဖက်ရှင်နယ်နယ်ပယ်ကိုတိုးဝင်ဖို့ ခြေတစ်လှမ်းကိုအစပြုနိုင်ခဲ့ခြင်းပင်။

တစ်ရက် ဒိုယောင်းကျောင်းကအပြန် လူတစ်ယောက်အနောက်ကလိုက်လာသလိုခံစားရတာကြောင့် ခြေလှမ်းတွေကိုအရှိန်မြှင့်လိုက်မိသည်။
သူအရှိန်မြှင့်သလောက် အနောက်ကသူလဲအရှိန်လိုက်မြှင့်လာတာမို့ အနောက်ကလိုက်လာတာသေချာသွားကာ ခြေစုံရပ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်မိသည်။
လိုက်လာသူက သူထင်သလို ယောက်ျားတစ်ယောက်မဟုတ်ဘဲ ခပ်ငယ်ငယ်အမျိုးသမီးတစ်ယောက်ဖြစ်နေတာမို့ ဒိုယောင်းအံ့ဩသွားရသည်။

THE SECOND CHANCE Where stories live. Discover now