8

59 8 0
                                    

ဂျယ်ဟျွန်း ထယ်ယုံးဟျောင်းဘက်ကဖုန်းချသွားတာနဲ့ ချက်ချင်းဒယ်ဂျောန်ကိုထွက်လာလိုက်ရသည်။ အကြောင်းစုံကို နှစ်ယောက်နဲ့အတူပါသွားတဲ့ကင်မရာသမားဆီက သိပြီးပြီမို့ ထယ်ယုံးဟျောင်းတစ်ယောက် အရမ်းကြီးပြိုလဲမနေဖို့သာ ဆုတောင်းမိတော့သည်။

ဂျယ်ဟျွန်းနဲ့ထယ်ယုံးဟျောင်းက အီတလီမှာကျောင်းသွားတတ်နေတုန်းက ဆုံတွေ့ခင်မင်ခဲ့တာဖြစ်သည်။
မေဂျာလဲမတူ နှစ်လဲမတူပေမယ့် ကိုရီးယားလူမျိုးဆိုတဲ့အချက်က သူတို့ကိုအချိန်တိုအတွင်းမှာ ရင်းနှီးစေခဲ့ပြီး တော်ရုံသူမသိတဲ့အတွင်းရေးတွေကိုပါ ယုံယုံကြည်ကြည်ပြောပြလောက်တဲ့အထိကို နီးကပ်လာခဲ့တာဖြစ်သည်။

ကျောင်းမှာတုန်းက အာရှ‌သားချောချောလေးဖြစ်တဲ့ဟျောင်းကို သဘောကျတဲ့ ယောက်ျားလေးတွေရော မိန်းကလေးတွေရောရှိခဲ့ပေမယ့် ဟျောင်းကတော့ အားလုံးကိုငြင်းပယ်ခဲ့တာကြောင့် ဂျယ်ဟျွန်းဘက်က မေးမြန်းခဲ့ရာမှ ဒိုယောင်းဟျောင်းနဲ့အတိတ်အကြောင်းကို သိခွင့်ရခဲ့တာဖြစ်သည်။

ဘွဲ့ရပြီးနောက် ကိုရီးယားကိုပြန်လာပြီး ပရိုဂရမ်တစ်ခုမှာ လက်ထောက်ပရိုဂျူဆာလုပ်ခဲ့ရင်း မထင်မှတ်ထားဘဲ ဒိုယောင်းဟျောင်းနဲ့ပါ ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။  ထိုအချိန်ကတည်းက ထယ်ယုံးဟျောင်းနဲ့ဒိုယောင်းဟျောင်းနဲ့ကို ပြန်အဆင်ပြေအောင်လုပ်ပေးချင်တဲ့ဆန္ဒတစ်ခု ဂျယ်ဟျွန်းရင်မှာဖြစ်တည်နေခဲ့တာဖြစ်သည်။
ထိုကြောင့်လဲ ပရိုဂျူဆာအနေနဲ့ နာမည်တစ်ခုခိုင်ခိုင်မာမာရပြီးနောက်မှာ သူ့ရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ဒီအစီအစဉ်ကိုစီစဉ်ခဲ့တာပင်။

ဂျယ်ဟျွန်းဒယ်ဂျောန်ကိုရောက်သွားတော့ ညကိုးနာရီကျော်သာရှိသေးသည်။ ထယ်ယုံးဟျောင်းကိုစိတ်ပူနေတာကြောင့် အမြန်နှုန်းကန့်သတ်ချက်တွေကိုချိုးဖောက်ကာ အမြန်မောင်းလာခဲ့တာမို့ နောက်နေ့ကျရင်စခန်းမှာသွားဖြေရှင်းရတော့မှာ အသေအချာပင်။
မတတ်နိုင်တော့ ဆိုးလ်မှာကျန်ခဲ့တဲ့ဂျောင်ဝူးကိုသာ ကိုယ်စားသွားဖြေရှင်းပေးဖို့ အကူအညီတောင်းရပေတော့မည်။

THE SECOND CHANCE Where stories live. Discover now