Question No (1)

96 17 0
                                    

ပထမဆုံးအင်တာဗျူးလုပ်မယ့်နေ့

ဂျယ်ဟျွန်းတို့ဘက်က ပို့ပေးထားတဲ့လိပ်စာကို ကားGPSမှာရိုက်ထည့်ပြီးနောက် လမ်းညွှန်တဲ့အတိုင်း ခပ်ဖြည်းဖြည်းမောင်းခဲ့သည်။ အင်တာဗျူးလုပ်ရုံလောက်ပဲမို့ မန်နေဂျာဟျောင်းကိုမခေါ်တော့ဘဲ ဒိုယောင်းတစ်ယောက်တည်းသာသွားမည်ဖြစ်သည်။

လမ်းညွှန်တဲ့အတိုင်း နာရီဝက်လောက်မောင်းပြီးသွားတော့ လိပ်စာထဲကနေရာကိုရောက်လို့လာသည်။
ကားကိုပါကင်ထိုးပြီးနောက် ဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့ ကင်မရာတွေအသင့်ဆင်ထားတာကိုတွေ့လိုက်ရတာမို့ ဒိုယောင်းသတိအနေအထားဖြစ်သွားရသည်။

" မင်္ဂလာပါ "

ဆိုင်ထဲကိုဝင်လိုက်တာနဲ့ Staffလို့ယူဆလို့ရမယ့်မိန်းကလေးတစ်ယောက်က နှုတ်ဆက်တာမို့ ဒိုယောင်းလဲခါးညွတ်ရင်းပြန်နှုတ်ဆက်လိုက်ရသည်။

" မင်္ဂလာပါ စောင့်နေရတာကြာသွားပြီလား "

" မဟုတ်တာပါ ဘာများသုံးဆောင်မလဲ "

" ရပါတယ် ရေပဲပေးပါ ကျေးဇူးတင်ပါတယ် "

ခဏလောက်ထိုင်ပြီးနောက်မှာ အင်တာဗျူးစတော့မည်ဟုဆိုလာတာကြောင့် ကိုယ်နေဟန်ထားကိုပြင်ကာ ခပ်မတ်မတ်ထိုင်လိုက်ရသည်။

" Scriptနဲ့Settingအတွက် လိုသလောက်ပဲမေးမှာမို့လို့ သက်တောင့်သက်သာပဲဖြေပေးလို့ရပါတယ် "

" ဟုတ်ကဲ့ "

" အရင်ဆုံး ကင်မရာကိုကြည့်ပြီး မိတ်ဆက်စကားလေးပြောပေးပါ "

" မင်္ဂလာပါ သရုပ်ဆောင် ကင်မ်ဒိုယောင်းဖြစ်ပါတယ် "

" ဒါဆို မေးခွန်းလေးတွေစမေးပါ့မယ်နော် "

" ဟုတ်ကဲ့ "

" ထယ်ယုံး-ssiနဲ့ ဘယ်မှာစတွေ့ခဲ့တာပါလဲ "

Staffမိန်းကလေးမေးတာကို နားထောင်ပြီး ဒိုယောင်းရဲ့စိတ်အစုံက လွန်လေပြီးသော ဆယ့်ရှစ်နှစ်ကျော်ကိုပြန်ရောက်သွားရသည်။

ဒိုယောင်းအသက်‌ခြောက်နှစ်အရွယ်

လူမရှိတဲ့တစ်ဖက်အိမ်က စကားပြောသံတွေဆူညံနေတာကို ကြားလိုက်ရတာမို့ ဒိုယောင်းခြေဖျားလေးထောက်ရင်း ပြတင်းပေါက်ကလှမ်းချောင်းကြည့်မိတော့ ပစ္စည်းတွေခေါက်တုံ့ခေါက်ပြန်သယ်နေတဲ့ ဦးလေးကြီးတွေနဲ့အတူ အန်တီလှလှတစ်ယောက်ရယ် ဒိုယောင်းနဲ့ရွယ်တူလောက်ရှိမယ့်ကောင်လေးတစ်ယောက်ရယ်ကို တွေ့လိုက်ရတာမို့ အိမ်နီးချင်းသူငယ်ချင်းရတော့မည်ဟူသောအ‌တွေးဖြင့် မေမေ့ကိုပြောပြဖို့ရာ စိတ်လှုပ်ရှားစွာပြေးဆင်းလာမိသည်။

THE SECOND CHANCE Where stories live. Discover now