ဒိုယောင်းထွက်သွားတာနဲ့ ချက်ချင်းပြိုတော့မယ့်မိုးလိုဖြစ်သွားတဲ့ ထယ်ယုံးပုံစံကိုကြည့်ပြီး တန်သက်ပြင်းဖွဖွချမိသည်။
သရုပ်ဆောင်ကောင်းလှတဲ့မင်းသားနဲ့ တုံးအလှသည့်သည်လူ
ဘယ်လိုများ ပြန်ပေါင်းစည်းကြမတဲ့လဲ။တန်တို့နဲ့စကားပြောနေတဲ့ ဒိုယောင်းကသူရှိရာကိုပြန်လာနေတာတွေ့တော့ ဂျော်န်နီရှေ့ကလူနဲ့စကားစဖြတ်လိုက်ရသည်။
ပုံမှန်ထက် ခပ်သွက်သွက်လျှောက်လာတဲ့ဒိုယောင်းရဲ့မျက်နှာမှာ ဒီနေရာကချက်ချင်းထွက်သွားချင်ပါတယ်ဟု မရေးထားရုံတမယ် တည်တင်းနေတာကြောင့် အလိုက်တသိ အပြင်ဘက်ကိုခေါ်ထုတ်လာကာ စိတ်သက်သာအောင်လုပ်ပေးမိသည်။“ အဆင်ပြေရဲ့လား ”
စိတ်ထဲမှာဒေါသတွေတောက်လောင်နေတာကြောင့် ပုခုံးကိုကိုင်ရင်းမေးလာတဲ့ ဂျော်န်နီရဲ့အမေးကို ဒိုယောင်းခေါင်းခါပြမိလား ခေါင်းငြိမ့်ပြမိလားပင်မသိတော့။
ဆယ်မိနစ်လောက်ကြာတဲ့အထိ ဒေါသတွေအားလုံးကိုငြိမ်းသက်ဖို့ကြိုးစားပြီးမှ ပုံမှန်စိတ်အခြေအနေကိုပြန်ရောက်လာရသည်။“ ရေသောက်လိုက်ဦး ”
အကြောင်းသိနေတဲ့ ဂျောန်နီက ဘယ်ကယူလာမှန်းမသိတဲ့ ရေဘူးကြီးကို လက်ထဲထည့်ပေးလာတော့ တစ်ခါတည်းနဲ့ ဘူးတစ်ဝက်ကျော်တဲ့အထိ မော့သောက်ပစ်လိုက်မိသည်။
“ ဖြည်းဖြည်းသောက်ပါ သီးဦးမယ် အခု နေရတာအဆင်ပြေသွားပြီလား ”
“ အင်း သွားရအောင် ”
“ ဘယ်ကိုလဲ ”
“ ဘယ်ကိုပဲဖြစ်ဖြစ် ”
ဒိုယောင်းပုံစံက အတော်လေးစိတ်ရှုပ်နေဟန်ရတာကြောင့် ဂျောန်နီဘယ်ကိုမှထပ်သွားဖို့မတွေးတော့ဘဲ ကင်မရာပိတ်လိုက်ကာ ပရိုဂရမ်အဖွဲ့ကငှားပေးထားတဲ့အိမ်ဆီကိုသာ ပြန်သွားဖို့လုပ်လိုက်မိသည်။
အိမ်ပြန်ရောက်တော့ ဒိုယောင်းကအပေါ်ထပ်ကို တန်းတက်သွားတာမို့ ဂျော်န်နီကပဲ မီးဖိုခန်းထဲသွားကာ နေ့လယ်စာပြင်ဆင်ဖို့လုပ်လိုက်ရသည်။
ဒိုယောင်းကတော့ စိတ်သက်သာသွားအောင် ခဏတဖြုတ်လောက်နားပါစေဦး။
![](https://img.wattpad.com/cover/357177991-288-k502031.jpg)
YOU ARE READING
THE SECOND CHANCE
FanfictionSometimes, two people have to fall apart to realize how much they need to be fall back together __ Colleen Hoover __