“ First Dateအကြောင်းပြောပြပေးပါဦး ”
“ အဲ့တုန်းက ကျွန်တော်တို့က ဒယ်ဂျောန်မှာနေခဲ့တာလေ အဲ့တာကြောင့် ပထမဆုံးဒိတ်က မေပယ်ပင်တွေအများကြီးရှိတဲ့ဂျန်းထယ်တောင်မှာပါ
အတူစခန်းချခရီးသွားဖြစ်ခဲ့တာပါ ”ပထမဆုံးဒိတ်လုပ်ခဲ့တုန်းကအကြောင်းကို ပြန်စဉ်းစားရင်း ထယ်ယုံးနဲ့ဒိုယောင်းရဲ့မျက်နှာမှာ အပြုံးရေးရေးလေးပေါ်လာရသည်။
နှစ်တွေအများကြီးကြာခဲ့တာတောင် အမှတ်တရတွေက နွေးထွေးသက်ဝင်နေဆဲ..။.
ထယ်ယုံးဆီက နေ့လယ်ကျရင်လာခေါ်မယ်ဆိုတဲ့မက်ဆေ့ခ်ျကြောင့် ဒိုယောင်းအရှက်သည်းစွာ နှုတ်ခမ်းလှလှလေးကို ကိုက်ထားမိသည်။
လတစ်ဝက်....။
ထယ်ယုံးနဲ့သူနဲ့ချစ်သူဖြစ်တာ လတစ်ဝက်ဆိုတဲ့အချိန်ရောက်လာပေမယ့် တစ်ခါလေးတောင်မှ နှစ်ယောက်တည်းအတူရှိမနေခဲ့ဖူးသေး။
နှစ်ယောက်သား Kakao Talkကနေ စာပို့ရင်ပို့ မပို့ရင် ခဏလောက်ဖုန်းပြောတာမျိုးသာရှိခဲ့သည်။
အရင်ကဆို ထယ်ယုံးကသူ့အိပ်ခန်းကိုတံခါးမရှိ၊ဓားမရှိဝင်လာနေကျဆိုပေမယ့် ချစ်သူဖြစ်ပြီးနောက်မှာတော့
ဒိုယောင်းတို့အိမ်ဘက်ကိုလာရင်တောင် ဧည့်ခန်းထဲမှာပဲ မေမေနဲ့စကားပြောသည်။ ဒိုယောင်းကတော့ အောက်ကိုဆင်းမတွေ့ဖြစ်။မဖြစ်သင့်တာသိပေမယ့် ဒိုယောင်းရဲ့နေရခက်လို့ဆိုတဲ့စကားတစ်ခွန်းကြောင့် ထယ်ယုံးကနားလည်ပေးခဲ့တော့ ဒိုယောင်းမှာအားနာရသလို ကျေးဇူးလဲတင်ရပါသည်။ ဒါပေမယ့် ရုတ်တရက်ကြီး ဒိတ်လုပ်ဖို့တောင်းဆိုလာတော့ ဘယ်လိုငြင်းရမလဲတွေးမရတော့။
“ သားရေ ထယ်ယုံးလေးလာခေါ်ပြီနော် ”
အောက်ထပ်ကမေမေ့ခေါ်သံကြောင့် ဒိုယောင်းကိုယ့်ကိုယ်ကိုယ် မှန်ထဲတစ်ချက်ကြည့်လိုက်ပြီးမှ လွယ်အိတ်ကိုယူပြီး ဆင်းခဲ့လိုက်သည်။
“ အမေ ဒါဆို ဒိုယောင်းကိုခေါ်သွားပါဦးမယ်နော် ”
ထယ်ယုံးကဒိုယောင်းမေမေကို အမေ့ကိုခေါ်လိုက်တော့ ဒိုယောင်းမျက်နှာလေးရဲခနဲဖြစ်သွားရသည်။ အရင်ကလဲခေါ်နေကျဆိုပေမယ့် လက်ရှိသူတို့ရဲ့ဆက်ဆံရေးအရ နည်းနည်းမျက်နှာပူစရာကောင်းမယ်မဟုတ်ပါလား။
YOU ARE READING
THE SECOND CHANCE
FanfictionSometimes, two people have to fall apart to realize how much they need to be fall back together __ Colleen Hoover __