Question No (8)

55 11 1
                                    

“ တစ်ဖက်လူကိုနောက်ဆုံးအနေနဲ့ပေးခဲ့တဲ့လက်ဆောင်က ဘာများလဲ ”

“ ဖိနပ်တစ်ရံပါ တကယ်တော့ အဲ့တာကိုပြန်တွေးမိတိုင်း အရမ်းနောင်တရပါတယ် ဒီလိုစကားရှိတယ်မလား ‘ကိုယ်ချစ်တဲ့သူကို ဖိနပ်လက်ဆောင်ပေးလိုက်ရင် အဲ့ဒီသူက လက်ဆောင်ရတဲ့ဖိနပ်ကိုစီးပြီး ကိုယ့်အနားကထွက်သွားတတ်တယ်’ဆိုတာ
အခုချိန်ထိလဲ အဲ့လိုဆက်တိုက်တွေးနေမိတုန်းပါပဲ အဲ့တုန်းက ကျွန်တော်ကဖိနပ်လက်ဆောင်ပေးလိုက်မိလို့ သူကကျွန်တော့အနားကထွက်သွားတာလားဆိုပြီး... ”

.

“ ဒီမှာဗျ ခဏလေးပါ ”

ဆိုင်မှာအလုပ်လုပ်နေတုန်း အရင်ရက်တုန်းက ဒိုယောင်းနဲ့အတူတူ ဆိုင်ကိုလိုက်လာဖူးတဲ့အမျိုးသမီးကိုလှမ်းတွေ့လိုက်တာမို့ ကမန်းကတန်းလှမ်းခေါ်လိုက်မိသည်။

“ ဘယ်သူပါလဲ ”

“ ဟို... Star Music Entertainmentက ကင်းထောက်ဖြစ်သူဟုတ်တယ်မလား ကျွန်တော်က ဒိုယောင်းရဲ့သူငယ်ချင်းပါ ”

ဒိုယောင်းနာမည်သုံးပြီးမိတ်ဆက်လိုက်တော့ တစ်ဖက်က ခေါင်းစခြေဆုံး ခန္ဓာကိုယ်ကိုဖောက်ထွင်းမြင်နေသလို စူးစိုက်ကြည့်ပြီးအကဲခတ်လာတာမို့ ထယ်ယုံးအနည်းငယ်နေရခက်သွားရသည်။

“ ဆိုတော့ မင်းလဲသရုပ်ဆောင်ဖြစ်ချင်လို့လား ”

အနုပညာကင်းထောက်ပီပီ သရုပ်ဆောင်ဖြစ်ချင်လားမေးလာတော့ ထယ်ယုံးအကြောက်အကန်ငြင်းမိသည်။ အထင်လွဲသွားတာမျိုးမဖြစ်စေချင်ပါ။

“ မဟုတ်ပါဘူး ဒိုယောင်းဂီအကြောင်းပြောချင်လို့ပါ ကျွန်တော်တို့ခဏလောက် အေးအေးဆေးဆေးစကားပြောလို့ဖြစ်မလား ”

ထယ်ယုံး ခုံတစ်ဖက်မှာထိုင်နေတဲ့အမျိုးသမီးရှေ့ကို ကော်ဖီတစ်ခွက်ချပေးလိုက်ပြီး ကိုယ်တိုင်လည်း မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ရင်း ဘယ်ကစပြောရမလဲဆိုတာ အသေအကျေစဉ်းစားမနေမိသည်။

“ အရင်ဆုံးရုတ်တရက်နှောင့်ယှက်မိလို့ အားနာပါတယ်
ကျွန်တော် ဒိုယောင်းဂီနဲ့ပတ်သက်ပြီးမေးချင်တာလေးရော ပြောချင်တာလေးရောရှိလို့ ”

THE SECOND CHANCE Where stories live. Discover now