7

57 8 0
                                    

မူးပြီးအိပ်ပျော်သွားပြီဖြစ်တဲ့ထယ်ယုံးကို ဝန်ထမ်းတစ်ယောက်ရဲ့အကူအညီနံ့အိပ်ခန်းထဲပြန်ပို့ပြီးနောက်မှာ ဒိုယောင်းကိုယ့်အခန်းကိုယ်ပြန်လာခဲ့လိုက်သည်။
ဒီကိုရောက်လာတဲ့အထိ ထယ်ယုံးအပေါ်သူ့ရဲ့ခံစားချက်နဲ့ပတ်သက်ပြီး စိတ်ထဲမှာဒွိဟဖြစ်နေခဲ့ပေမယ့် တဖြည်းဖြည်းသိသာလာတဲ့အဖြေကြောင့် ကိုယ့်ကိုယ်ကိုယ်သာ အားမလိုအားမရဖြစ်ကာနောင်တရမိတော့သည်။ တကယ်ဆို သူဒီကိုမလာဘဲနေခဲ့သင့်တာပင်။

“ မအိပ်သေးဘူး ”

ဝိုင်းသိမ်းပြီး ပြန်ဝင်လာတဲ့ဂျောန်နီက အခန်းတံခါးဖွင့်ဖွင့်ချင်းမှာ ဒိုယောင်းတစ်‌ယောက် မအိပ်သေးဘဲ လက်ပ်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေတာကိုမြင်လိုက်ရတာမို့ မနေနိုင်ဘဲမေးလိုက်မိသည်။

“ အော အလုပ်ကိစ္စအတွက်သိချင်တာလေးရှိလို့ရှာနေတာ ”

“ ငါကူညီပေးရမလား ”

“ မဟုတ်တာ ရပါတယ် အရေးကြီးတာတော့မဟုတ်ပါဘူး ”

“ အင်း ညနေတုန်းက ဒုံဟျွန်းဟျောင်းကဘာတဲ့လဲ ကိစ္စရှိလို့လား ”

“ အောန် မနက်ဖြန်အလုပ်ကိစ္စတစ်ခုရှိနေလို့လေ ”

“ ဒီဟာရိုက်ကူးရေးကရော နားမှာလား ”

“ မဟုတ်ဘူး အစောနက ပရိုဂျူဆာဂျောင်ဆီဖုန်းဆက်လိုက်တော့ နားလိုက်ဖို့‌တော့အဆင်မပြေဘူးတဲ့ အဲ့တာကြောင့် မတတ်နိုင်ဘဲ အီထယ်ယုံးကိုအလုပ်ဆီခေါ်သွားရတော့မှာပေါ့ ”

“ အင်းပေါ့ ခဏနေရင်အိပ်တော့လေ အခုတောင်အတော်ညနက်နေပြီကို ”

“ အွန်း ”

ဂျောန်နီတစ်ယောက် ကိုယ်လက်သန့်စင်ပြီးလို့ သူ့အိပ်ရာပေါ်တက်သွားတဲ့အထိ ဒိုယောင်းလက်ပ်တော့ကိုမချနိုင်သေး။
ဒုံဟျွန်းဟျောင်းယူလာတဲ့ D&Tအကြောင်း အသေးစိတ်ပါတဲ့ဖိုင်ကိုဖွင့်ကြည့်ရင်းမှ
စီအီးအိုရဲ့ဓာတ်ပုံကိုမြင်လိုက်ရပြီး ထယ်ယုံးနဲ့အတော်လေးဆင်တူနေသလိုခံစားရတာကြောင့်
မနက်ဖြန်သွားတွေ့ရမယ့် D&Tရဲ့စီအိုးစီအကြောင်းတွေ လိုက်ရှာကြည့်နေမိတာဖြစ်သည်။

THE SECOND CHANCE Where stories live. Discover now