Question No (4)

67 13 0
                                    

“ Confessionလုပ်ခဲ့တဲ့နေရာကိုမှတ်မိသေးလားဟင် ”

“ အဲ့တုန်းက ကျွန်တော်တို့နေခဲ့ရဲ့ရပ်ကွက်ရဲ့ထိပ်မှာ ပန်းခြံသေးသေးလေးရှိခဲ့ပါတယ် အဲ့မှာဖွင့်ပြောခဲ့တာပါ ”

“ အဲ့တုန်းကအဖြစ်အပျက်ကို အသေးစိတ်ပြောပြလို့ရနိုင်မလား အသေးစိတ်မဟုတ်လဲ မှတ်မိတာတစ်ခုခုဆိုအဆင်ပြေပါတယ် ”

“ အထိုးခံခဲ့ရပါတယ် အဲ့တုန်းက ”

.
.
.

အတန်းထဲကလူတွေသာမက အငယ်တန်းကကလေးတွေပါ ကွက်ကြည့်ကွက်ကြည့်လုပ်ခံရတာကြောင့် ထယ်ယုံးနေရထိုင်ရခက်လာခဲ့သည်။ ဘယ်လိုနေရာက ထိုသို့အကြည့်တွေကိုရှောင်ရှားလို့ရလောက်မလဲတွေးရင်း လူလာခဲတဲ့ ကျောင်းစာကြည့်တိုက်က စိတ်ထဲရောက်လာတာမို့ ကျောင်းစာကြည့်တိုက်ကိုပဲ ထွက်လာလိုက်သည်။

စာကြည့်တိုက်ကReceptionမှာRegisterလုပ်ပြီးနောက် လူလာနည်းတဲ့ ဒုတိယထပ်ကိုတက်ခဲ့လိုက်သည်။
စာအုပ်စင်တွေအဆုံးက ‌လှေကားကတက်လာရင် တန်းမမြင်ရတဲ့ ချောင်ကျတဲ့ခုံတန်းမှာ ဝင်ထိုင်လိုက်ရင်း စာအုပ်ယူဖတ်နေလိုက်သည်။ ထယ်ယုံးတို့ အထက်တန်း‌နောက်ဆုံးနှစ်တွေကို ကိုယ်ပိုင်စာကြည့်ချိန်ပေးထားတာမို့ Roll callအတွက်လဲပူစရာမလိုတာမို့ နေ့လယ်စာစားချိန်ကျော်တဲ့အထိ စာကြည့်တိုက်ထဲမှာသာ အေးရာအေးကြောင်း စာအုပ်ဆက်ဖတ်နေမိသည်။

နားကြပ်ထဲအထိဖြတ်ဝင်လာတဲ့ ခြေသံပြင်းပြင်းတွေနဲ့ စကားပြောသံဆူဆူတွေကြောင့် ထယ်ယုံးစိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ စာကြည့်တိုက်မှာ ဒီလောက်ပွက်လောရိုက်နေတာ ပထမနှစ်တွေကလွဲလို့ ဘယ်သူမှမဖြစ်နိုင်တာသိတာမို့ နားကြပ်ပြန်တပ်ဖို့လုပ်လိုက်ပေမယ့် ရင်းနှီးတဲ့ခြေသံခပ်ဖွဖွကိုကြားလိုက်ရတာမို့ ချက်ချင်းခေါင်းပြူကြည့်မိတော့ တကယ်ကြီး ဒိုယောင်းဖြစ်နေတာကိုတွေ့လိုက်ရတာမို့ ထယ်ယုံးမျက်နှာမှာ အပြုံးတစ်ပွင့် အလိုလိုဖြစ်တည်လာရသည်။

“ ဒို... ”

‘ ဒိုယောင်းနား ’လို့ လှမ်းခေါ်ဖို့ကြံလိုက်ပေမယ့် သူ့အာရုံနဲ့သူဖြစ်နေတဲ့ဒိုယောင်းက သူ့ကိုမမြင်ဘဲ စာအုပ်စင်တွေကြားထဲတိုးဝင်သွားတာကြောင့် မခေါ်ဖြစ်လိုက်။ စာအုပ်ယူပြီးတဲ့အထိစောင့်ပြီးမှ ခေါ်ပါတော့မယ်ဆိုတဲ့အတွေးနဲ့ စောင့်နေမိပေမယ့် မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာ ပထမနှစ်တွေရဲ့စကားဝိုင်းမှာ ကိုယ့်နာမည်ပါလာတာမို့ ထယ်ယုံးအလိုလိုနားစွင့်လိုက်မိသည်။

THE SECOND CHANCE Where stories live. Discover now