15

50 8 0
                                    

The Second Chanceနောက်ဆုံးအပိုင်းထုတ်လွှင့်အပြီး နောက်တစ်ရက်မှာ မထင်မှတ်ထားသောအကြောင်းအရာတစ်ခုက ဆိုရှယ်မီဒီယာပေါ်ကိုရောက်လာခဲ့သည်။ ထိုအရာမှာ အမည်မဖော်လိုသူတစ်ယောက်ကတင်လိုက်တဲ့ သရုပ်ဆောင်ကင်မ်ဒိုယောင်းက အခြားတက်သစ်စမင်းသားငယ်တစ်ယောက်ကိုထိုးကြိတ်နေတဲ့ ဗီဒီယိုဖြစ်သည်။

ဗီဒီယိုတင်လိုက်တဲ့အချိန်က လူတော်တော်များများ ဆိုရှယ်မီဒီယာအသုံးပြုနေကြတဲ့အချိန်ဖြစ်ပြီး အားလုံးက ဒိုယောင်းအပေါ်အာရုံစိုက်နေကြတဲ့အချိန်ဖြစ်တာကြောင့် ဗီဒီယိုကထင်တာထက်မြန်တဲ့နှုန်းနဲ့ ဆိုရှယ်မီဒီယာအပေါ် ပျံ့နှံ့သွားခဲ့ပြီး ကိစ္စကပိုပြီးကြီးမားလာခဲ့သည်။

လူတွေအားလုံးက ဘာကြောင့် ဒီလောက်ထိထိုးကြိတ်တဲ့အထိ ဖြစ်သွားလဲဆိုတာ သိချင်နေကြပြီး ဝိုင်းခန့်မှန်းနေကြတဲ့အချိန်မှာ ထိုအမည်မဖော်လိုသူကပဲ ဒိုယောင်းကထိုတက်သစ်စမင်းသားကိုထိုးကြိတ်ရခြင်းရဲ့ အကြောင်းပြချက်က သူနဲ့အတူနေဖို့ပြောတာကို လက်မခံလို့တဲ့ဟု တင်လိုက်တာကြောင့် ဆိုရှယ်မီဒီယာတစ်ခုလုံး ပျက်သွားတော့မတက်ကို ပွက်လောရိုက်သွားရတော့သည်။

ဆိုရှယ်မီဒီယာပလက်ဖောင်းပေါင်းစုံမှာ ပွထနေတဲ့သတင်းကြောင့် ထယ်ယုံးထိုင်မနေနိုင်တော့ဘဲ မမကိုအကူအညီတောင်းရတော့သည်။
အနုပညာလောကမှာ သူ့ထက်စာရင် မမကလက်တံပိုရှည်တယ်မဟုတ်ပါလား။

ထယ်ယုံး ဒိုယောင်းအိမ်ကိုရောက်သွားတော့ ဒိုယောင်းက အေးချမ်းသက်သာစွာ အိပ်စက်နေတာကိုမြင်လိုက်ရတာမို့ စိတ်နည်းနည်းအေးသွားရသည်။ ဒိုယောင်းကသတင်းတွေကိုမမြင်ရသေးဘူးထင်သည်။

အိပ်ပျော်နေသူကိုမနှိုးရက်တာကြောင့် စောင်သေချာခြုံပေးကာ ခြေသံကိုဖွနင်းပြီး အိပ်ခန်းအပြင်ကိုပြန်ထွက်ခဲ့ရသည်။ အပြင်ဘက်ရောက်မှ ဒုံဟျွန်းဟျောင်းဆီဖုန်းဆက်ပြီး အခြေအနေမေးရတော့သည်။

“ ‌ဟဲလို ဒုံဟျွန်းဟျောင်း ”

“ ဟုတ်ကဲ့ ထယ်ယုံး-ssi ဘာကိစ္စများရှိလို့လဲ ”

THE SECOND CHANCE Where stories live. Discover now