" ဟျောင်း ဘယ်လိုလုပ်မှာလဲ "
ဒီနေ့အတွက် လေးခါမြောက်အဖြစ် ဖုန်းဆက်မေးလာတဲ့ ဂျယ်ဟျွန်းကြောင့် ဒိုယောင်းစိတ်ရှုပ်ထွေးစွာ သက်ပြင်းချလိုက်မိသည်။ တကယ်တမ်းတော့ ဂျယ်ဟျွန်းလောနေတာကိုလဲ အပြစ်တော့ပြောလို့မရ။ သူကလဲ စဉ်းစားဦးမယ်လို့ပြောပြီး အချိန်ဆွဲနေမိတာ တစ်လနီးပါးပင်ရှိသွားခဲ့ပြီမဟုတ်ပါလား။ နောက်ဆုံးတော့ ကြံရာမရစွာ သူငယ်ချင်းဖြစ်သူ ဂျော်န်နီဆီကိုသာဖုန်းဆက်လိုက်မိတော့သည်။ ဒီအချိန်လောက်ဆို ဂျော်န်နီတစ်ယောက် အားလပ်လောက်ပါရဲ့။
" ဟဲလို ဒိုယောင်းဂီ "
ဖုန်းထဲကထွက်လာတဲ့ တက်တက်ကြွကြွအသံကြောင့် ဒိုယောင်းအလိုလိုပြုံးမိသွားသည်။ ဂျော်န်နီက Extrovertပီသစွာ အမြဲရွှင်လန်းတက်ကြွနေသည့်သူမျိုးပင်။
" အင်း အားလား ငါတိုင်ပင်စရာရှိလို့ "
" ခဏရင်တော့ ငါဖျော်ဖြေရမယ့်အလှည့်ရောက်တော့မယ် အဆင်ပြေရင် မင်းဒီကိုလာမလား ငါအလုပ်ပြီးရင် အေးအေးဆေးဆေးစကားပြောကြတာပေါ့ "
" အင်း သိပြီ ငါအပြင်ဘက်မှာပဲစောင့်နေလိုက်မယ် မင်းပြီးရင်ထွက်လာလိုက်လေ "
" အင်း သိပြီ ဒါဆို ဖုန်းချလိုက်ပြီနော် ငါ့အလှည့်ရောက်တော့မှာမို့လို့ "
" အင်း "
ဂျော်န်နီနဲ့ဖုန်းပြောပြီသွားတာနဲ့ အဝတ်အစားလဲကာ ထွက်ခဲ့လိုက်သည်။ ဒီနေ့ဂျော်န်နီဖျော်ဖြေတဲ့နေရာက ဒိုယောင်းအိမ်နဲ့လေးဆယ့်ငါးမိနစ်၊တစ်နာရီလောက်မောင်းရတဲ့ အကွာအဝေးမှာရှိတာမို့ ဒိုယောင်းရောက်သွားတဲ့အချိန်လောက်ဆို ဂျော်န်နီဖျော်ဖြေလို့ပြီးသွားလောက်ပြီဖြစ်သည်။
ထင်သည့်အတိုင်းပင်။ ဒိုယောင်းရောက်သွားတော့ ဂျော်န်နီကအပြင်ဘက်မှာပင်ရပ်စောင့်နေလေပြီ။ အားလုံးဖျော်ဖြေပွဲကိုအာရုံစိုက်နေတာကို အခွင့်ကောင်းယူပြီး မက်စ်ပင်တပ်မထား။ ဒိုယောင်းကားရပ်လိုက်တာတွေ့တာနဲ့ ကားပေါ်ကိုချက်ချင်းတက်လာတာမို့ အောက်ကိုဆင်းမနေတော့ဘဲ အမြန်ဆုံးမောင်းထွက်ခဲ့တော့သည်။ မဟုတ်ရင် DJ Johnny Beနဲ့ သရုပ်ဆောင်ကင်မ်ဒိုယောင်းတို့ ညလယ်ဒိတ်လုပ်နေပါသည်ဆိုတဲ့သတင်းကြီးကို ဆိုရှယ်မီဒီယာတိုင်းမှာမြင်ရတော့မှာပင်။
YOU ARE READING
THE SECOND CHANCE
FanfictionSometimes, two people have to fall apart to realize how much they need to be fall back together __ Colleen Hoover __