“ နှစ်ယောက်မှာ ချန်ထားရစ်တဲ့သူက ထယ်ယုံး-ssiပေါ့နော် ဘာလို့များလဲ မချစ်တော့လို့များလား ”
အင်တာဗျူးလုပ်တဲ့မိန်းကလေးရဲ့အမေးကြောင့် ထယ်ယုံးနှုတ်ခမ်းမှာ နာကျင်နေတဲ့အပြုံးလေးတစ်ခု တွဲခိုလာရသည်။ သူကဒိုယောင်းကိုမချစ်ဘဲနေမတဲ့လား။
“ အဲ့တုန်းက အခြေအနေတွေအားလုံးက အဲ့လိုလုပ်ဖို့အပြင်မရှိတဲ့အခြေအနေဖြစ်ခဲ့တာပါ ”
.
မေမေပြောထားတဲ့အတိုင်း နှစ်ရက်ကြာပြီးတဲ့နောက်မှာ RUFAဘက်က ထယ်ယုံးကို Video Callဖြင့် အင်တာဗျူးပြုလုပ်လာခဲ့ပြီး တစ်ပတ်အတွင်းအကြောင်းပြန်မည်ဖြစ်ကြောင်း စကားချန်လာခဲ့သည်။
“ အီထယ်ယုံး ဘာတွေတွေးနေတာလဲ ”
အကြောင်းသိနေတဲ့ အစ်မယွန်းဆူးလ်ရဲ့အမေးကို ထယ်ယုံးခေါင်းယမ်းပြီးတော့သာ ပြန်ဖြေပေးလိုက်မိသည်။
“ ခုတလော ဒိုယောင်းဂီတောင်ဆိုင်ဘက်မလာဘူး ငါ့ကလေးနေရောကောင်းရဲ့လား ”
“ ကောင်းပါတယ် အစ်မရဲ့ သူခုတလောအလုပ်များနေတာ ”
“ အေးပါ နင်လဲကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဦးထယ်ယုံး ”
“ ဟုတ် အစ်မ ”
မျှော်လင့်ထားသည့်အတိုင်း သူ့စကော်လာရှစ်ကို ကျောင်းဘက်ကလက်ခံလိုက်ပြီး တစ်လအတွင်းကျောင်းလာတတ်ဖို့ပြင်ဆင်ထားစေလိုကြောင်း အီးမေးလ်ပို့လာတော့ ထယ်ယုံးမှာကွန်ပျူတာရှေ့ထိုင်ရင်း သက်ပြင်းချမိသည်။ သူဒီကိစ္စကို ဒိုယောင်းကိုမပြောရသေး။
မပြောချင်တာလဲပါသလို ဘယ်ကနေစပြောရမှန်းမသိတာလဲပါသည်။ သူပြောလိုက်ရင် ဒိုယောင်းကသေချာပေါက်ဝမ်းနည်းနေတော့မှာပင်။စကော်လာရှစ်ကိစ္စကိုငြင်းလိုက်ရင်ကောင်းမလားလို့တွေးနေတုန်းမှာ ဒိုယောင်းကိုမျက်စိကျနေတဲ့ Star Music Entertainmentက ကင်းထောက်အမျိုးသမီးနဲ့ သေချာစကားပြောခွင့်ရခဲ့ပြီး ဒိုယောင်းက သူ့ကြောင့် အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ဖို့ကြိုးစားနေတာကိုသိလိုက်ရတာမို့ စိတ်တွေပိုလို့လေးလံလာရသည်။ အားလုံးကသူ့ကြောင့်ပင်။
YOU ARE READING
THE SECOND CHANCE
FanfictionSometimes, two people have to fall apart to realize how much they need to be fall back together __ Colleen Hoover __