Ep 2

60 10 1
                                    

ရိုက်ကူးမယ့်နေရာကို ဆိုးလ်မြို့ထဲမှာပဲပြင်ဆင်ထားမယ်လို့ထင်ထားခဲ့ပေမယ့် တဖြည်းဖြည်းမြို့ပြင်ဘက်ဆီဦးတည်သွားတဲ့လမ်းကြောင်းကိုကြည့်ရင်း ထယ်ယုံးမျက်မှောင်ကြုတ်လိုက်မိသည်။
သူမှတ်မိတာသာမမှားဘူးဆိုရင် ဒီလမ်းက....။

.

အမှတ်တရတွေပြည့်နှက်နေတဲ့မြေကို နောက်ဖန်ခြေပြချမိတော့ ဒိုယောင်းစိတ်ထဲလှိုက်ဖိုသွားရသည်။
ဒီမြေကိုရှောင်တိမ်းခဲ့တာ ဘယ်နှနှစ်တောင်ကြာခဲ့ပါပြီလိမ့်။
ထယ်ယုံးထွက်သွားကတည်းကဆို ကိုးနှစ် ဒါမှမဟုတ် ဆယ်နှစ်လေလား သေချာတော့မမှတ်မိပေမယ့် ခုနစ်နှစ်ထက်မနည်းခဲ့တာတော့ သေချာသည်။ သူ့အနုပညာသက်တမ်းတောင်မှ ခုနစ်နှစ်ဖြစ်ခဲ့လေပြီကိုး။

“ ဒိုယောင်း-ssi မဆင်းဘူးလား ”

တန့်အသံကြားမှ ဒိုယောင်းကားပေါ်ကဆင်းလာဖို့သတိရတော့သည်။
နေဖို့စီစဉ်ပေးထားတဲ့နေရာက ခြံကျယ်ကျယ်ထဲမှာရှိတဲ့နှစ်ထပ်အိမ်ကလေးမို့ ငှားခတော့အတော်ပေးရမှာပင်။
ပရိုဂရမ်ကအတော်လေးအပင်ပန်းခံထားပါလားဆိုတာတွေးမိတော့ ဒိုယောင်းခပ်ချဉ်ချဉ်ပြုံးလိုက်မိသည်။
နေရာတွေအများကြီးရှိနေတဲ့အထဲက ဒယ်ဂျောန်ကိုရွေးလိုက်တယ်ဆိုကတည်းက တိုက်ဆိုင်မှုသက်သက်တော့ မဟုတ်နိုင်ဘူးမဟုတ်ပါလား။

ပစ္စည်းတွေယူပြီး အိမ်ထဲဝင်လိုက်တော့ ဖိနပ်စင်မှာဖိနပ်တွေရှိနေတာမို့ ထယ်ယုံးရောက်နေပြီမှန်း ဒိုယောင်းသိလိုက်သည်။ ဒါပေမယ့် ဘာလို့ဖိနပ်ကနှစ်ရံဖြစ်နေပါလိမ့်ဟုတွေးမိနေတုန်း ရှေ့မှာဘွားခနဲပေါ်လာတဲ့သူကြောင့် ဒိုယောင်းအံ့ဩသွားရသည်။

“ ဂျော်န်နီ ”

“ စပရိုက်! အံ့ဩသွားတယ်မလား  ခရီးဆောင်အိတ်ငါ့ကိုပေးလေ လာ ”

ဂျော်န်နီက ပြောပြောဆိုဆိုနဲ့ ‌လက်ထဲကခရီးဆောင်အိတ်ကိုယူပြီး လက်ကိုကိုင်ကာ အိမ်ထဲကိုခေါ်သွားတာကြောင့် ဒိုယောင်းမှာ စိတ်ကိုမပြင်ဆင်နိုင်တော့ဘဲ အနောက်ကနေ ယက်ကန်ယက်ကန်ပါသွားရတော့သည်။

ဧည့်ခန်းထဲရောက်တော့ တိတ်ဆိတ်စွာမျက်နှာချင်းဆိုင်ထိုင်နေတဲ့ တန်နဲ့ထယ်ယုံးကိုမြင်လိုက်ရတာကြောင့် ဒိုယောင်းရဲ့ခြေလှမ်းတွေ အလိုလိုနှေးကွေးသွားရသည်။
ပြီးတော့မှ ဂျော်န်နီ့ရှေ့မှာ ဝင်ထိုင်လိုက်ရတော့သည်။

THE SECOND CHANCE Where stories live. Discover now