6

66 9 0
                                    

အခန်းတံခါးပြန်ပိတ်သွားတဲ့အသံကြားမှ ဒိုယောင်းမျက်လုံးတွေပြန်ဖွင့်လိုက်မိသည်။
အစကတော့ တကယ်အိပ်ပျော်နေခဲ့တာဆိုပေမယ့် အခန်းတံခါးကိုဖွင့်လိုက်တဲ့အသံကြောင့် နိုးသွားခဲ့တာပင်။
ထယ်ယုံးနဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိတာကြောင့် မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေခဲ့ရုံသာ။

နဖူးမှာကျန်ရစ်နေဆဲဖြစ်တဲ့ နွေးထွေးမှုလေးကို ဒိုယောင်းလက်နဲ့အသာအယာထိလိုက်မိသည်။
ထင်မှတ်မထားစွာဘဲ ထယ်ယုံးကသူ့နဖူးကိုခပ်ဖွဖွလေးနမ်းသွားခဲ့တာဖြစ်သည်။

နဖူးပေါ်လက်တင်ရင်း ဒိုယောင်းတစ်ယောက်တည်းအတွေးတွေများနေမိသည်။
သူခန့်မှန်းတာမမှားဘူးဆိုရင် မနက်ဖြန်သူနဲ့အပြင်ထွက်ရမယ့်သူက ထယ်ယုံးဖြစ်ပါလိမ့်မည်။
အမှန်အတိုင်းပြောရရင် ပရိုဂရမ်မှာပါမယ်လို့လက်ခံလိုက်တဲ့အချိန်တုန်းက ထယ်ယုံးအတွက်ခံစားချက်တွေမရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့မိတာဖြစ်သည်။
တကယ်တမ်း ထယ်ယုံးနဲ့မျက်နှာချင်းဆိုင်တွေ့ရတဲ့အချိန်မှာ သူသိလိုက်ရတာက။ ထယ်ယုံးကသူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ သေရာပါမယ့်အနာတရလေးအဖြစ် ခိုင်ခိုင်မာမာရှိနေဆဲဆိုတာကိုပင်။

သူဟာ တစ်သက်လုံးထယ်ယုံးမျက်လုံးတွေကိုပဲကြည့်လာခဲ့သူမို့
ထယ်ယုံးဘက်ကလဲ သူ့အပေါ်မပြောင်းမလဲချစ်နေဆဲဆိုတာကို ခံစားမိသည်။ ဒါပေမယ့် ချစ်နေလျက်သားနဲ့ ဘာလို့ထားရစ်ခဲ့တာလဲဆိုတာကို နားမလည်သလို
နောက်တစ်ကြိမ်ထပ်ပြီး နှလုံးသားတံခါးကိုဖွင့်ပေးလိုက်ရမှာကိုလဲ ကြောက်ရွံ့နေမိပါသေးသည်။ ခဲမှန်ဖူးတဲ့စာသူငယ်လိုမျိုး။

.

ထယ်ယုံး မှန်ထဲကပုံရိပ်ကိုကြည့်ရင်း နှုတ်ခမ်းကိုခပ်ဖွဖွပြန်ကိုင်လိုက်မိသည်။ သူအခုပဲ ဒိုယောင်းနဖူးကိုနမ်းလိုက်မိတာ။
အရူးတစ်ယောက်လိုပြုံးနေမိရင်းမှ ဒိုယောင်းသာသိသွားခဲ့ရင်ဆိုတာကိုတွေးမိတော့ အနည်းငယ်စိုးရိမ်စိတ်ဝင်လာပေမယ့် မသိလောက်ပါဘူးဟုသာ ကိုယ့်ကိုယ်ကိုယ်ပြန်နှစ်သိမ့်ပေးမိတော့သည်။
ကျိန်းသေပေါက် ဒိုယောင်းကအိပ်ပျော်နေခဲ့ပြီး သူကလဲချက်ချင်းပြန်ထွက်လာခဲ့တာပဲဟာ။

THE SECOND CHANCE Where stories live. Discover now