အပိုင်း (၁)

30.2K 237 0
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၁)
🚨🚨🚨

"မေမေ သမီးလုံးဝ လက်မခံနိုင်ဘူးနော် "
ပိုးသား သူမ မေမေ အပြောကို အကြောက်အကန် ငြင်းနေရှာသည် ...

"ဟဲ့ ညဉ်းက ဘာကိစ္စလက်မခံနိုင်ရတာလဲ "

ဒေါ်ငွေခင်ကတော့ မျက်မှောင်ကြုံ့ကာ သူ့သမီးကို အလိုမကျစွာ ပြန်ပြီးမေးခွန်းထုတ်လိုက်၏ ...

"သမီးမှာ ကောင်လေးရှိတာ မေမေလဲ သိရဲ့သားနဲ့ "

ဟုတ်ပါတယ် အခုသူမတို့ သားအမိ‌ဖြစ်နေကြတဲ့ ပြဿနာက ပိုးသားကို သူမမေမေကို တခြားယောက်ျားနဲ့ အတင်းပေးစားနေတာကြောင့်ပဲ ဖြစ်၏ ...

"ဟဲ့ ... ဘာကောင်လေးလဲ ... ဟိုအလုပ်မရှိအကိုင်မရှိကောင်ကိုပြောနေတာလား ... အလကား ညဉ်းက အဲ့လိုကောင်မျိုးနဲ့များ ယူမယ် စိတ်ကူးထားတယ်ပေါ့ ... ညဉ်းခွေးဖြစ်ချင်နေတာလား မိပိုးသား ... ငါညဉ်းကို မွေးထားတာ အဲ့လိုခွေးဇာတ်ခင်းဖို့ မဟုတ်ဘူးအေ့ ... "

သူ့သမီးပြောနေတဲ့ ကောင်လေးဆိုတာ ရပ်ကွက်ထဲက  ဟို‌ကောင်လေးကို ပြောနေမှန်းသိပါသည် ...
လူကဖြင့် သူ့သမီးထက်တောင် အသက်က ပိုငယ်နေသေး၏ ... နောက်ပြီးကျောင်းလဲ မပြီးသေး ဘာအလုပ်မှ မရှိသလို ... သူတို့အိမ်ကလည်း ပိုက်ဆံရှိတဲ့ထဲ မပါဝင်ပါ ...သူတို့လက်ထပ်ကြရင် သမီးလေးကပဲ လုပ်ကျွေးရမှာ အသေချာ ...
ဘယ်လိုပဲဖြစ်ဖြစ် သူမသမီးလေးကို အဲ့လို ကောင်မျိုးနဲ့ လုံးဝသဘောမတူနိုင်ပါ ...

"မေ‌ေမကလဲ ... မောင်က ကျောင်းတက်နေတုန်းမို့ပါ ကျောင်းပြီးရင် သူ့ဟာသူ အလုပ်ရှိလာမှာပါ မေမေရဲ့ "

မောင်က ဆေးကျောင်းသားဖြစ်တာကြောင့် ‌စာကိုသာအာရုံစိုက်ကာ ဘာအလုပ်မှမလုပ်ရပေ ... ဒါကိုပဲ မေမေက အပြစ်မြင်နေလေသည် ... အို မဟုတ်ပါဘူး မေမေက မောင်တို့ ပိုက်ဆံမရှိတာကို အပြစ်မြင်နေတာ ... ကိုယ့်အမေအကြောင်း ကိုယ်အသိဆုံးပဲလေ ... ဒေါ်ငွေခင်ဆိုတဲ့ နာမည်နှင့် လိုက်ဖက်လှအောင် မေမေက ငွေမက်လွန်းသည် ... အခုလဲ ဘယ်ကဘယ်သူမှန်းမသိ တစ်ခါမှ မမြင်ဖူးတဲ့ သူနဲ့ သူမကို အတင်းပေးစားဖို့ လုပ်နေလေသည် ... ပိုက်ဆံရှိတယ်ဆိုတာနဲ့ မေမေတို့က နှစ်ခါ ပြောဖို့မလိုပါ ...
ပိုးသားကတော့ အဲ့လိုမဟုတ်ပါ မောင့်ကိုသာချစ်သည် ... မောင်နဲ့အတူ အေးအတူ ပူအမျှ နှစ်ယောက် တစ်ဘဝသာ ထူထောင်ချင်ပါသည် ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now