အပိုင်း (၂၁)

13K 145 2
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၂၁)

🚨🚨🚨

"မိန်းမ ... ကိုယ်တို့ ဟန်းနီးမွန်းထွက်ရအောင်နော် "
တည်ကြည်ခန့် ပိုးသားကိုယ်လေးကို အနောက်မှ သိမ်းဖက်၍ သူမပခုံးလေးပေါ် မေးလေးတင်ကာ ပြောလိုက်သည် ...

"ဟင် ... မထွက်ချင်ပါဘူး "

"ဟာ ... ဘာလို့လဲကွာ မိန်းမသွားချင်တဲ့နေရာပဲ သွားရအောင်လေနော် "

"ပိုးသားမှ ဘယ်မှ မသွားချင်တာ "
ဟိုနေ့ကမှ နေကောင်းပျောက်ပြီးတာ ဘယ်မှ မသွားချင်ပါ ...

"အင်းပါ ... အဲ့ဒါဆိုလဲ "
တည်ကြည်ခန့် သူမကို ကျောပေးကာ တစ်ဖက်လှည့်အိပ်လိုက်သည် ...

"..."
ဘာမှ ‌မပြောပေမယ့် သူစိတ်ဆိုးသွားတာ ပိုးသားသိပါသည် ...
ဒီလူက အဲ့လိုတွေလည်း ကလေးဆန်တတ်တာလား ...
ပိုးသား ရယ်ချင်စိတ်ကိုထိန်းထားရသည် ...

.........
မဂ်လာ မဆောင်ခင်တည်းက  အလုပ်က ခွင့်ယူထားတာမို့ နေမကောင်းတာရော ပေါင်းကာ အလုပ်မဆင်းရတာ ကြာပြီဖြစ်သည် ...
ဒီနေ့တော့ စောစောထပြီး အလုပ်သွားဖို့ ပြင်လိုက်သည် ...
သူကတော့ မနိုးသေးတာမို့ သူ့အတွက်ရော သူမအအတွက်ပါ မနက်စာပြင်ဆင်ထားလိုက်သည် ...

"ဟင် ..."
တည်ကြည်ခန့် နိုးနိုးချင်း မျက်လုံးမဖွင့်သေးပဲ သူမလှမ်းဖက်လိုက်ပေမယ့် ဘာမှ မရှိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမက ရှိမနေပေ ...
တည်ကြည်ခန့် မျက်မှောင်တွေ စုကြုံ့သွားရကာ အိပ်ယာပေါ်က ဆင်းပြီး သူမကိုအရင်လိုက်ရှာလိုက်သည် ...

အိမ်ရှေ့မှာ ပစ္စည်းတွေထည့်နေသော ပိုးသားကိုတွေ့လိုက်သည် ...
အလှတွေလဲပြင်းထားပြီး အဝတ်စားလည်း လဲထားသည် ...

"မိန်းမ ဘယ်သွားမလို့လဲ "
တည်ကြည်ခန့် သူမနားဝင်ထိုင်ပြီး မေးငေါ့ကာ မေးလိုက်၏ ...

"အလုပ်လေ ... မီးဖိုထဲမှာ ရှင့်အတွက် မနက်စာပြင်ထားပေးတယ် "

"ဘယ်အလုပ်လဲ "

"ကျွန်မအလုပ်ပေါ့ ... ဘတ်စ်ကားနဲ့ပဲ သွားမှာမို့ ရှင်လိုက်ပို့ပေးစရာမလိုဘူး "
ပိုးသား ပြောနေရင် လိုအပ်တာတွေ အိတ်ထဲ ထည့်နေလိုက်သည် ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now