👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၆)
🚨🚨🚨ပိုးသား ခြံထဲရောက်တော့ ပန်းအိုးတွေစီထားတဲ့နားက ဒန်းပေါ်တက်ထိုင်လိုက်တော့ တည်ကြည်ခန့်ကပါ တစ်ဖက်မှာ ဝင်ထိုင်လာ၏ ...
"ကျွန်မရှင့်ကို ပြောစရာရှိတယ် "
"အင်း ပြောလေ "
ဘာပြောမယ်မှန်းမသိပေမယ့် သူမထံမှ စကားစပြောလာတာမို့ မျက်နှာမှာ ပြုံးကာ သူမ မျက်နှာကို အလေးအနက်ထားကာ စိုက်ကြည့်လိုက်သည် ..."ကျွန်မမှာ ချစ်သူရှိတယ် "
"အင်း အဲ့တော့ "
သူမဆီမှ ရုတ်တရတ်ထွက်လာတဲ့စကားကို သူအလိုမကျပေမယ့် မျက်နှာအမူအယာထိန်းကာ ပြောလိုက်တော့ ..."ကျွန်မ သူ့ကိုပဲချစ်တယ် သူကလဲ ကျွန်မကို အရမ်းချစ်တယ် ... သူ့ကိုပဲ လက်ထပ်ဖို့ရည်ရွယ်ထားပြီးသား ... "
ပိုးသား သူသိအောင် တမင်ပြောလိုက်သည် ..."အင်း အဲ့ဒါဆို ကိုယ့်ကိုလက်ခံတာက ..."
"မေမေ အတင်းအကြပ်စီစဉ်လို့ပေါ ... မေမေ့ဆန္ဒကို မလွန်ဆန်နိုင်လို့ ရှင်လဲ အဲ့လိုပဲမလား ... မိဘတွေစီစဉ်တာကို ရှင်လဲ လက်မခံချင်ဘူးမလား .. . ရှင်နဲ့ကျွန်မနဲ့က တစ်ယောက်နဲ့ တစ်ယောက် သိလဲမသိသလို ချစ်မှ မချစ်ကြတာ ... "
"မဟုတ်ဘူး ..."
"ဟမ် "
"ကိုယ်မင်းကို မချစ်ဘူးလို့ ဘယ်သူပြောလဲ ... နောက်ပြီး မင်းကို လက်ထပ်ဖို့ကိုလဲ မေမေ့ဆန္ဒကို မလွန်ဆန်နိုင်လို့ မေမေစီစဉ်တာ ခေါင်းငြိမ့်ခဲ့တာမဟုတ်ဘူး .. ကိုယ်တောင်းဆိုခဲ့တာ "
"ဟင် ..."
သူပြောနေတဲ့ စကားတွေကို ပိုးသား နားမလည်နိုင်တော့ ..."ဟုတ်တယ် ... ကိုယ်တောင်းဆိုခဲ့တာ မေမေ့ကို မင်းကိုလိုက်တောင်းပေးဖို့ မင်းနဲ့လက်ထပ်ပေးဖို့ .. . ကိုယ်မင်းကို အရမ်းချစ်တယ် ပိုးသားဖြူ "
တည်ကြည်ခန့် အံ့ဩနေတဲ့ သူမမျက်လုံးတွေကို လေးနက်စွာစိုက်ကြည့်ကာ ပြောလိုက်တော့ ...
"ဒါပေမယ့် ကျွန်မရှင့်ကိုမချစ်ဘူး "
"ရတယ် ကိုယ်ကြိုးစားမယ် "
သူမက သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးချစ်ရသူမို့ သူ့တစ်ဘဝလုံး သူမဆီသာ ပုံအပ်လိုက်ပြီဖြစ်သည် ....
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Romantizm👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...