👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၇)
🚨🚨🚨"ဟုတ်ကဲ့ အခုပဲထိုးပါမယ် "
သူ့ဂွင်ထဲဝင်လာတာကြောင့် တည်ကြည်ခန့် ဟန်ပင်မဆောင်နိုင်ပဲ လျှင်မြန်စွာ ဖြေလိုက်၏ ..."ဟင် ..."
ငြင်းဖို့ပြင်နေတဲ့ ပိုးသားကို ဒေါ်ငွေခင်က လှမ်းစိတ်ပြီး အံကြိတ်ပြလိုက်တော့ ဆက်မပြောတော့ပဲ မျက်နှာလေးမဲ့ကာ ငြိမ်ကျသွားရသည် ...
တကယ်ကို ယောက်ျားသာရတော့မယ် ... ခုထိ သူမကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ မရှိရဘူး ..."ဟုတ်ပါပြီ အဲ့ဒါဆို သတို့သား သတို့သမီး ဒီနေရာတွေမှာ လက်မှတ်ထိုးပါ"
စာချုပ်နှစ်ခုကို တစ်ယောက်တစ်ခုစီကမ်းပေးလိုက်တော့ တည်ကြည်ခန့်မျက်နှာက မထိန်းနိုင်အောင် မှိုရသလို ပြုံးပျော်နေပေမယ့် ပိုးသားကတော့ ငိုမဲ့မဲ့ဖြစ်နေ၏ ...
စာချုပ်နှစ်ခုကို အပြန်အလှန်လဲလှယ်ကာ လက်မှတ်ထိုးပြီးတော့ အသိသက်သေ အုပ်ထိန်းသူနေရာမှလဲ ကျန်လူများကလက်မှတ်ထိုးလိုက်ကြသည် ..."ကဲ အဲ့ဒါဆို မဂ်လာကိစ္စပဲ စီစဉ်ရတော့မှာပေါ့နော် ... သားလေးနဲ့ချွေးမလေးက သိပ်လိုက်ဖက်တာပဲရှင် နေနှင့်လ ရွှေနှင့်မြလိုပဲ "
"ဟုတ်ပရှင် "
တည်ကြည်ခန့် မေမေ ဒေါ်မြခက်နဲ့ ပိုးသားမေမေ ဒေါ်ငွေခင်တို့ကတော့ အပြုံးကိုယ်စီနှင့် သိပ်သဘောကျနေကြသည် ...
"ကဲ အဲ့ဒါဆို ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါအုံးခင်ဗျ "
"ဟုတ်ကဲ့ပါ"
ရှေ့နေကြီးနှင့် ရပ်ကွက်လူကြီးတွေပြန်သွားကြတာကြောင့် အိမ်ထဲတွင် မိသားစုနှစ်စုသာ ကျန်ရစ်ခဲ့တော့သည် ...
"အဲ့ဒါဆို မဂ်လာကိစ္စကို ကျွန်မတို့ဘက်ကပဲ အမြန်ဆုံးစီစဉ်လိုက်တော့မယ်နော် ... သမီးရှင်ေတွစိတ်တိုင်းကျလည်း ဖြစ်စေရပါမယ်ရှင် "
"ဟုတ်ကဲ့ပါ ကျွန်မတို့ဘက်ကတော့ ဘာမှ ပြောစရာမရှိပါဘူးရှင်"
"ဟုတ်ကဲ့ အဲ့ဒါဆို ကျွန်မတို့ကို ပြန်ခွင့်ပြုပါအုံးရှင် "
"ပြန်တော့မှာလား ဟုတ်ကဲ့ပါရှင့် "
တည်ကြည်ခန့်တို့ မိသားစုနောက်ကနေ ဒေါ်ငွေခင်တို့ပါ လိုက်ထကာ အိမ်ပေါက်ဝထိ လိုက်ပို့ပေးလိုက်သည် ...
ဒါတောင် ပိုးသားသားက ပေကပ်ကပ်လုပ်ပြီးမထတာမို့ ဒေါ်ငွေခင် မျက်စောင်းနှင့် ကြည့်လိုက်မှ ထပါလာခဲ့သည် ...
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Romance👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...