အပိုင်း (၃၁)

10.6K 117 3
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၃၁)

🚨🚨🚨

ကိုယ်ပိုင်လေယာဉ်နဲ့သွားတာမို့ တခြားလူတွေမပါပဲ ကုမ္ပဏီက ကောင်လေးအနည်းငယ်နှင့် သူမတို့သာဖြစ်သည် ...

"မိန်းမ အိပ်ချင်ရင် အိပ်လေ "

"ဟင့်အင်း ... မအိပ်ချင်ဘူး "

ပိုးသား စိတ်တွေပျော်နေကာ နားကြပ်လေးတပ်ပြီး BTS ရဲ့ Life gons on သီချင်းလေး နားထောင်နေလိုက်သည် ...
အသံလေးတွေက ချိုချိုအေးအေးလေးနှင့် သီချင်းလေးက ငြိမ့်ငြိမ့်လေးမို့ မျက်လုံးလေးမှိတ်ပြီး စီးမျောနေမိ၏ ...
............

"မဂ်လာပါ မောင်တည်ကြည်ခန့် "

"ဟုတ်ကဲ့ မဂ်လာပါ "

လေဆိပ်ရောက်တော့ ကိုရီးယားက လုပ်ငန်းပါတနာတွေက လာကြိုကာ သူတို့ဟိုတယ်ကို တစ်ခါတည်းခေါ်သွားပေးသည် ...

ဟိုတယ်ရှေ့တွင် ကောင်မလေးတွေ အများကြီးက ဆိုင်းဘုတ်လေးတွေ အရုပ်ကလေးတွေကိုင်ပြီး ရပ်နေကြ၏ ...
Fan meeting ပွဲ တစ်ခုခု ရှိသလိုမျိုး ...

"မိန်းမ ဘာလို့လဲ "
တည်ကြည်ခန့်က ပိုးသားကြည့်တဲ့နေရာ လိုက်ကြည့်ပြီးမေး‌လိုက်တော့ ...

"ဪ ... အန်ကယ်တို့ ဟိုတယ်မှာ KPop Idol အဖွဲ့ ‌လာတည်းနေကြလို့ပါကွယ် "

"ဟင် ... KPop Idol"
ပိုးသား မျက်လုံးလေးလက်ကာ ထိုဦးလေးကြီးကို ထပ်မေးလိုက်တော့ ...

"ဟုတ်တယ်ကွဲ့ ... BTS အဖွဲ့ "

"BTS တကယ်ကြီးလား "
ပိုးသား ပျော်လွန်းလို့ ထခုန်မိမတတ်ပင် ...
ကိုရီးယားကို ပထမဆုံးရောက်တဲ့နေ့မှာတင် သူ့ရဲ့ Idol တွေကို တွေ့ရတော့မှာလား ...

"အွန်း ဟုတ်တယ် သမီး အန်ကယ့်ဝန်ထမ်းတွေ ပြောတာပဲ "

"ဪ ... အဲ့တာကြောင့် လူတွေရှုပ်နေတာကိုး ... ဟို စိတ်တော့မရှိပါနဲ့ဗျာ ကျွန်တော်တို့ ဟိုတယ်ပြောင်းရမယ် ထင်တယ် "

"ဟေ ဘာလို့လဲ "

"ဟင် "

လုပ်ငန်းပါတနာဦးလေးကြီးရော ပိုးသားပါ သူ့ကိုလှမ်းမော့ကြည့်လိုက်၏ ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now