👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၁၆)
🚨🚨🚨
"ဟော သတို့သားတောင် ရောက်လာပြီ "
မိတ်ကပ်ပြင်ပေးတဲ့အမက ပြောတာကြောင့် ပိုးသားလှည့်ကြည့်လိုက်တော့ သူမရွေးပေးထားတဲ့ အနောက်တိုင်းဝတ်စုံအမဲရောင်ကို ဝတ်ဆင်ထားပြီး ပုံသွင်းထားသည့် ဆံပင်အမဲရောင်တွေနှင့် လိုက်ဖက်စွာ သူမဆီသို့ လျှောက်လှမ်းလာခဲ့သည် ..."သတို့သားရေ သတို့သမီးလေးကို လာကြည့်တာလား "
"ဟုတ်ကဲ့ "
"ဘယ်လိုလဲ လှရဲ့လား "
"အရမ်းလှတယ် "
ခါတိုင်းနှင့်မတူပဲ မိတ်ကပ်ကို ပါးပါးလေးခြယ်သထားတာကြောင့် ပါးဖောင်းဖောင်းလေးတွေမှာ စိုအိနေပြီး ဆွဲကိုက်ချင်စရာလေးပင် ...
နှုတ်ခမ်းဖူးဖူးလေးထက်မှာလဲ နှင်းဆီနီရောင် နှုတ်ခမ်းနီရဲရဲတောက်တောက်လေးဆိုးထားပြီး တကယ်ကို တောက်ပကာ လှပနေသည် ...လှတယ်ဆိုတဲ့စကားလုံးထက်ပိုတာရှိရင် အဲ့စကားလုံးက သူမအတွက်ပင် ...
"အဲ့တာဆို အဝတ်စားလဲဖို့ပဲကျန်တော့တယ်နော် ညီမလေး "
"ဟုတ်"
ပိုးသား အခန်းထဲဝင်ကာ အသင့်ထုတ်ထားတဲ့ သူမရဲ့ မဂ်လာဂါဝန်အဖြူရောင်လေးကို ဝတ်ဆင်လိုက်သည် ...
ထို့နောက် ဂါဝန်လေးကိုအသာ မ ကာ အခန်းပြင်ထွက်ခဲ့လိုက်၏ ...
"ဟယ် လှလိုက်တာ ... မဂ်လာဆောင်ချင်စိတ်တောင် ပေါက်သွားပြီ "
"ကိုယ့်နတ်သမီးလေးက ကိုယ့်ကိုအမြဲတမ်း မှင်သက်စေတာပဲ "
"သတို့သမီးလေးကို ခေါ်သွားလို့ရပါပြီရှင် "
တည်ကြည်ခန့် ပိုးသားဆီသို့ လက်ကလေးဖြန့်ကာလှမ်းလိုက်တော့ ပိုးသားက သူ့လက်ထဲသို့ သူမလက်ကလေးလှမ်းကိုင်လိုက်သည် ...
ပိုးသားလက်ကလေးကို အုပ်ကိုင်လိုက်ပြီးမဂ်လာကားလေးဆီသို့ ဦးဆောင်ကာ ခေါ်သွားလိုက်သည် ...ဖဲကြိုးတွေ ပူဖောင်းတွေ ပန်းတွေနှင့် အလှဆင်ထားတဲ့ ကားအဖြူလေးပေါ်သို့ သူမကိုတက်စေပြီး သူကလလည်း တစ်ဖက်ကနေ ဝင်ထိုင်လိုက်သည် ...
ပိုးသားမိဘတွေအတွက် ကားနောက်တစ်စီးဖြင့် သူ့ဒရိုင်ဘာကို မောင်းခိုင်းကာ သူတို့ကားနောက်ကနေလိုက်လာကြသည် ...
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Storie d'amore👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...