အပိုင်း (၄)

11.9K 143 2
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၄)
🚨🚨🚨

"သား ထမင်းစားမယ်လေ "

"ကျွန်တော် မဆာသေးလို့ အမေစားနှင့်လိုက်ပါနော်"

"အေးပါကွယ်..."
ညနေအိမ်ပြန်လာကတည်းက အခန်းထဲကလည်းထွက်မလာပဲ တိတ်ဆိတ်နေ၏ ...
ပုံမှန် အနေအေးသူမို့ စကားနည်းပေမယ့် ခုက  ခါတိုင်းနှင့်မတူ တစ်ခုခုဖြစ်နေတယ်ဆိုတာသေချာပါသည် ...

"သား မေမေ ခဏ ဝင်ခဲ့မယ်နော် "
ပြောပြီး သားဖြစ်သူရဲ့ အခန်းထဲဝင်သွားကာ ဘေးမှာဝင်ထိုင်လိုက်ပြီး .. .

"သား ဘာဖြစ်လို့လဲ  တစ်ခုခု ဖြစ်နေတာလား "

"ဘာမှ မဖြစ်ပါဘူးမေမေ ... "
ထူးခြားခပ်ယဲ့ယဲ့လေးပြုံးကာ ဖြေလိုက်သည် ...

"သမီးလေးနဲ့ တစ်ခုခုဖြစ်ကြလို့လား "

"ဘာမှ မဖြစ်ပါဘူး အမေရဲ့ "
တစ်ရပ်ကွက်တည်းတွေမို့ အနှေးနဲ့အမြန်သိမှာပေမယ့် ဒီကိစ္စကြီးကို ထူးခြားပါးသပ်ကနေတော့ ထုတ်မပြောချင်ပေ ...

မိဘတွေကို ဖွင့်ပြောပြီးတွဲတဲ့ ဆက်ဆံရေးမို့ နှစ်ဖက်မိဘသိထားကြ၏ ... မေမေကလည်း မ ကို စခေါ်လာကတည်းက သဘောကျပြီး ချွေးမလေးဆိုပြီး အရမ်းသဘောတူခဲ့သည် ...
မ မေမေကတော့ သူ့ကို မကြည်ဖြူဘူးပေါ့ ...

"မေမေ့ကို မညာပါနဲ့သားရယ် ... ဒီသားမိလေးနှစ်ယောက်ရှိတာ သား စိတ်ညစ်စရာရှိရင် မေမေ့ကို ရင်ဖွင့်ပေါ့ကွယ် "

"သား ဘာမှ မဖြစ်ပါဘူး မေမေရဲ့ မေမေ ထမင်းသွားစားတော့နော် တော်ကြာ အစာအိမ်ပြန်ထ လာအုံးမယ် "

"အေးပါကွယ် ..."
သားက ပြောပြချင်ဟန် မတူတာမို့ ဒေါ် သက်ထားလည်း သားအခန်းထဲက ထွက်ခဲ့တော့သည် ...
.......

တည်ကြည်ခန့်
နာမည်နဲ့ လိုက်‌လောက်အောင် အမြဲတမ်းတည်နေသော မျက်နှာထားနှင့် ကုမ္ပဏီတစ်ခုလုံး ဖိန့်ဖိန့်တုန်အောက်ကြောက်ရတဲ့ CEO တည်ကြည်ခန့် ...
အရပ်က ၆ပေမို့ ရှည်တဲ့အထဲပါသည် ... အသားအရည်က ဖြူတဲ့ထဲ မပါပေမယ့် အကြောစိမ်းတွေ ပေ့်နေကာ ယောက်ျားပီသလှသည် ... ဆေးလိပ်သောက်သူဖြစ်ကြောင့် နှုတ်ခမ်းတွေက ရဲမနေပဲ မဲတာလဲမဟုတ် ညိုတတ ဖြစ်နေတာက ဆွဲဆောင်မှုရှိလှသည် ...
တပ်ထားတဲ့ ငွေကိုင်းမျက်မှန်ကလည်း မျက်ခုံးတန်းတန်းတို့နှင့် အချိုးကျကာ သိပ်ခန့်ညားပြီး ကြည့်ကောင်းလှသည် ...
အပြုံးအရယ်မရှိ တည်တင်းနေတဲ့ မျက်နှာနှင့် တည်ကြည်ခန့်ကို ဆိုလျှင် သူတို့ စီးပွားရေးလောကမှာ မသိသူမရှိလောက်အောင် ‌အောင်မြင်ကျော်ကြားတဲ့ လူငယ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးပင် ... ကျောင်းမပြီးခင်တည်းက ဖခင်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်ခဲ့ကာ ခုတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာခဲ့သည် ...
ဥစ္စ‌ာပေါ ရုပ်ချော  ယောက်ျားပီသပြီး ပျိုမေတိုင်းရဲ့ အသဲစွဲ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ကြီးပေ ... သမီးရှင်တိုင်း သမက် ဖမ်းချလောက်အောင် အဘက်ဘက်က ပြည့်စုံသူ တစ်ဦးဖြစ်၏ ...
အဲ့လို ပျိုမေအချောအလှတွေ ဝိုင်းဝိုင်းလည်နေပေမယ့် တစ်ယောက်မှ လှည့်မကြည့်ပဲ အကုန်လုံးကို ခါချကာ ခုချိန်ထိ ရည်းစားတောင် မထားဖူးသေးတဲ့ အဖြူထည်‌ေလးဖြစ်နေသည် ...
တစ်ခါတလေ သူငယ်ချင်းတွေက ဂေးနေတာလားလို့ စ‌ေနာက်ခံရသည်အထိပင် ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now