အပိုင်း (၃၉)

11.8K 119 2
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၃၉)

🚨🚨🚨

"အား ကျစ် ကျစ် "
မူးမိုက်နေတဲ့ခေါင်းလေးကို ပိုးသား အားယူကာထောင်လိုက်ပြီး ထထိုင်လိုက်တော့ ‌သူမဘေးမှာ ဖေဖေနဲ့မေမေရော သူရော...
နောက်ပြီး  သူမ ရောက်နေတာ ဆေးရုံကိုပင် ...

"မိန်းမ သတိရလာပြီလား "
တည်ကြည်ခန့် ဝမ်းသာသွားကာ သူမကိုယ်လေးကိုထိန်းကိုင်ကာ သူ့ရင်ခွင်မှာမှီစေလိုက်ပေမယ့် သူမက ရုန်းကန်နေတာမို့ ခေါင်းအုံးလေးထောင်ပြီးသာ မှီစေလိုက်၏ ...

"သမီးလေး "

"မေမေ ... ပိုးသား ဘာဖြစ်တာလဲဟင် "
နောက်ဆုံးမှတ်မိတာ တည်ကြည်ခန့်နဲ့ စကားများတာကိုပဲ မှတ်မိပြီးနိုးလားတော့ ဆေးရုံရောက်နေတာဖြစ်သည် ...

"သမီးလေး ပင်ပန်းပြီး မူးလဲသွားတာပါကွယ် "

"ဪ ...ဟုတ် "

"မိန်းမ ကိုယ်တောင်းပန်ပါတယ်နော် ... ကိုယ်တို့မှာလေ ရင်သွေးလေးရှိနေပြီကွ "

"ဟင် ... "
ပိုးသား မေမေ့ကို နားမလည်သလို မျက်လုံးလေးလှန်ကြည့်လိုက်တော့ ...

"ဟုတ်တယ် သမီးရဲ့ ... သမီးလေးမှာလေ အခု ကိုယ်ဝန် ၁လတောင်ရှိနေပြီ "

"ရှင် "

"၁လ ..."
ခနကပျော်နေလို့ သတိမရပဲ အခုမှ သူသတိရသွားရသည် ...
၁လဆို သူ သူမ မကြမ်းခင်တည်းက သူမမှာ ကိုယ်ဝန်ရှိနေတာပေါ့ ...
တည်ကြည်ခန့် ပြာသွားရကာ ...

"မိန်းမ သက်သာရင် ... ကိုယ်တို့ ဗိုက်ကို ဓာတ်မှန်လေးဘာလေးရိုက်ရအောင်နော် ..."

"ကျွန်မတို့ကွာရှင်းမယ်လို့ ရှင့်ကို ပြောပြီးပြီလေ "

"မိန်းမကလဲကွာ ... ကိုယ်‌တကယ်အနူးအညွတ်တောင်းပန်ပါတယ်ကွာနော် ..  အခုဆို ကိုယ်တို့မှာ အနှောင်အဖွဲ့ဆိုတဲ့ ရင်သွေးလေးလဲ ရှိနေပြီလေ ... ဒီတစ်ကြိမ်လေးပဲ ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာနော် "

"ဟုတ်သားပဲ သမီးရယ် ... အထဲက ကလေးလေး ကို အဖေအမေ
မစုံမလင် နေ‌ေစချင်လို့လားကွယ် "

"နောက်တစ်ခါဆိုတာ ဘယ်တော့မှ ရှိမလာစေရဘူးလို့ ကိုယ်ကတိပေးပါတယ်ကွာ နော် "

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now