အပိုင်း (၂၉)

10.9K 115 0
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၂၉)

🚨🚨🚨

သူပြောသလိုပင် သိပ်မကြာလိုက် ခဏအကြာကားရပ်သွား၏ ...

"ရောက်ပြီလား "

"အွန်း ရောက်ပြီ"
တည်ကြည်ခန့်က အရင်ဆင်းလိုက်ပြီး သူမဘက်က ကားတံခါးကို ဖွင့်ပေးလိုက်ကာ သူမကို လက်ဖဝါးလေးဖြန့်ပေးလိုက်တော့ ပိုးသားက သူ့လက်ပေါ်အုပ်ကိုင်ကာ ဆင်းလိုက်သည် ...

အောက်ရောမှသူ့လက်မောင်းကို ချိတ်တွယ်ကာ ကော်ဇော်နီခင်းထားတဲ့ လျှောက်လမ်းအတိုင်းဝင်လာလိုက်၏ ...

ပွဲကြီးက ခမ်းနားကာ သိပ်ကို စည်ကားလှ၏ ...

"ဟဲ့ ဟိုမှာ ဟိုမှာ တည်ကြည်ခန့် "

သုံးယောက် ဝိုင်းထိုင်နေသော ကောင်မလေးထဲမှ တ်ယောက်က ထပြောလိုက်၏ ...

"ဟယ် ဟုတ်ပ သူ့မိန်းမရော ပါတယ်နော် "

"အင်း သူ့မိန်းမက တော်တော်တော့ချောတာနော် "

"အင်း အဲ့တာကြောင့်လဲ ငါတို့ရေခဲတုံးကြီးက အရည်ပျော်သွားတာ နေမှာပေါ့ "

"ကျစ် အလကားပါ ... ရုပ်လေးဗန်းပြပြီး မြှူဆွယ်နေတာ "

သူတို့ထဲမှ ငြိမ်နေတဲ့ တစ်ယောက်က ပိုးသားတို့ကိုကြည့်ပြီး  မကျေနပ်စွာ ထပြောလိုက်သည် ...
မကျေနပ်တာ ဆိုတာထက် မနာလိုတာဆို ပိုမှန်လိမ့်မည် ...

ပိုးသားကလဲ သူတို့ပြောနေတာတွေကို ကြားဖြစ်အောင်ကြားလိုက်သေး၏ ...
တည်ကြည်ခန့်ကတော့ သူနဲ့သိတဲ့သူတွေကို လှမ်ပြုံးပြ နှုတ်ဆက်နေရင်း ကြားဟန်မပေါ် ...

လှမ်းကြည့်လိုက်မိတော့ သူတို့ကိုလဲ ပိုးသား မသိပါ...
ရန်လဲ မဖြစ်ချင်တာမို့ မကြားချင်ယောက်ဆောင်ကာ တစ်ဖက်လှည့်နေလိုက်သည် ...

"မိန်းမ ကိုယ် ဟိုဘက် ခဏသွားအုံးမယ်နော် မိန်းမညောင်းမှာဆိုးလို့ ဒီမှာ မုန့်ခဏစားရင်းနေခဲ့နော် "

"အင်း "
ပိုးသား ခေါင်းငြိမ့်ပြရင်း ရှေ့မှာချထားတဲ့ ကိတ်လေးကို ယူစားလိုက်သည် ...

ခနက သူမအကြောင်းပြောနေတဲ့ အသံတွေက မဆဲသေးပဲ ပေါ်တင်ကြီးကို ပြောနေသေး၏ ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now