👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၂)
🚨🚨🚨"မ ... "
ပိုးသား ကန်ဘောင်မှာ ထိုင်စောင့်နေရင်း မောင့်အသံကြားတာကြောသ့် လှည့်ကြည့်လိုက်တော့ ... သူမကို ရွှန်းရွှန်းစားစား ပြုံးပြီး ကြည့်နေတဲ့ မောင် ..."မောင် ရောက်လာပြီလား ... လာထိုင်လေ "
ပိုးသားထိုင်နေတဲ့ ခုံလေးက ပုတ်ကာ ပြောလိုက်၏ ..."အွန်း ... မောင့် မမက အမြဲတမ်းကို လှနေတာပဲဗျာ ... မောင် စိတ်တောင်မချတော့ဘူးဗျာ "
မောင့်အပြောကြောင့် ပိုးသားမျက်နှာလေး ပျက်ယွင်းသွားရသည် ...
သူမ မျက်နှာပျက်သွားရတဲ့ အကြောင့် တစ်ခုဆိုပေမယ့် မောင်ကတော့ သူပြောလိုက်တာမကြိုက်လို့ဟုထင်ပြီး ပြာပြာသလဲ ရှင်းပြရှာ၏ ..."ဟာ ... မဟုတ် မဟုတ်ဘူးနော် ... မ မောင်က မကို မယုံကြည်လို့ ပြောတာမဟုတ်ဘူးနော် ... မကို တခြားကောင်တွေ ငမ်းကြမှာစိုးလို့ ပြောတာပါ နော် ..."
ထူးခြားအတွက်တော့ သူမမျက်နှာလေး ညှိုးသွားမှာပင် သေမတတ်ကြောက်ပါသည် ...
"အင်းပါ မောင်ရဲ့ ... မ သိပါတယ် "
ပိုးသား ဒီကောင်လေးကို ဘယ်ကစပြောရမလဲ ..."အင်း ... မကို အရမ်းချစ်တယ် "
"အင်း ... မ လဲ မောင့်ကိုအရမ်းချစ်တယ်နော် "
"မှ"
ထူးခြား ပိုးသားနှဖူးလေးကို အမြတ်တနိုးနဲ့ နမ်းရှိုက်လိုက်တော့ မျက်လုံးလေးမှိတ်ကာ အနမ်းတွေ ခံယူတဲ့ သူမ ...ထူးခြား အတွက်တော့ သူမပြုသမျှ အမူယာတိုင်းက ရင်ခုန်ဖွယ်အတိပင် ...
"မောင် အခုတလော အဆင်ပြေလားဟင် "
"အင်း ... ပြေပါတယ် မ ကဘာလို့မေးတာလဲဟင် "
"ဟင့်အင်း ဘာမှ မဖြစ်ပါဘူး ... မောင်အဆင်ပြေရင် ပြီးတာပါပဲ "
ပိုးသား သူ့မျက်နှာလေးကို ကြည့်ကာ ပြုံးပြလိုက်တော့ ..."မ တစ်ခုခု ဖြစ်နေတယ်မလား "
ထူးခြား ဒီအပြုံးတွေကို သိပါသည် ... သူမ မျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်နေတဲ့ သူ့အတွက်တော့ သူမမျက်နှာကြည့်ရုံနှင့်ပင် သိနိုင်ပါသည် ...
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Любовные романы👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...