အပိုင်း (၄၂)

11.5K 135 1
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၄၂)

🚨🚨🚨

"မိန်းမ အိပ်ပြီလား "

တည်ကြည်ခန့် အလုပ်တွေပြီးတာနှင့် မျက်မှန်ကိုချွတ်ကာ သူမဘေးဝင်လှဲလိုက်၏ ...

"ဟင့်အင်း မအိပ်သေးပါဘူး "
ပိုးသား ဟိုဘက်လှည့်အိပ်နေရာကနေ သူ့ဘက်လှည့်လိုက်သည် ...

"မှ ...မှ "
သူမပါးလေးနဲ့ နှဖူးလေးကို နမ်းရှိုက်ကာ အောက်လျှောလိုက်ပြီး သူမဗိုက်ကလေးကိုပါ နမ်းလိုက်၏ ...

"မိန်းမ ဘာလေးမွေးမယ်ထင်လဲဟင် "

"ဟင့်အင်း ... ယောက်ျားက ဘာလေးလိုချင်တာလဲ "

"ကိုယ်ကတော့ ဘာလေးဖြစ်ဖြစ် ချစ်တယ်... ကိုယ်အရမ်းချစ်ရဲ့မိန်းမနဲ့ ကိုယ့်သွေးတွေပေါင်းစပ်ထားတဲ့ ကလေးလေးကို "

"အဟင်း ... သူများတွေပြောသလို အမွှာလေးများလားမသိဘူးနော် ... ပိုးသားဗိုက်က သူများတွေထက်တော်တော်လေးပူနေတယ် "

"အဟား ကောင်းတာပေါ့ကွ ... သားသားမီးမီး အမွှာလေးဆို ဘယ်လောက်ကောင်းမလဲ အဖော်ရတာပေါ့ နော့် ဖေ့ဖေ့သားလေးနဲ့ သမီးရယ် "

သူ့ဟာသူ ဝမ်းသာအားရပြောပြီး ဗိုက်လေးနားကပ်ကာ အထဲက ကလေးလေးနဲ့ စကားပြောလိုက်သေး၏ ...

"မိန်းမ ကလေးလေးက လှုပ်နေတယ် ..  လှုပ်နေတယ် "
ဗိုက်နား နားရွက်လေးအတင်းတိုးကပ်ရင်း သူ့မကိုလဲ လှမ်းပြောနေသေးသည် ...

"အဟင်း ... ကလေးလေးက ဗိုက်ထဲကနေ ဖေဖေလို့ ခေါ်ရင်ခေါ်နေမှာ "

"တကယ်လား ... အွန်း ဟုတ်လောက်တယ် ဗိုက်ထဲက အသံလေးတွေကြားနေရတယ် သိလား မိန်းမ "

"အဟင်း ...ဟုတ်လို့လား "

"ဟုတ်တယ် ... မယုံရင်မိန်းမ လာနားထောင်ကြည့်ပါလား "

"ဟင် ... ဘယ်လိုလို့ရမလဲ နားထောင်လို့ "

"ဪ ... ဟုတ်သားပဲ မေ့သွားတာ "

"ကလေးအရမ်းချစ်တတ်တာပဲလား "

"ဟင့်အင်း ကလေးချစ်တာထက် ကိုယ်တို့ရင်သွေးလေးဖြစ်နေလို့ပိုချစ်တာ "

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now