အပိုင်း (၄၁)

10.9K 125 0
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၄၁)

🚨🚨🚨

"သားနဲ့ သမီးရေ မနက်စာစားရအောင် ..."

"ဟုတ် လာပြီမေမေ "

"ဟာ မိန်းမ ဘယ်နှယ့်ပြေးဆင်းသွားရတာတုန်း "

အောက်က သူမမေမေ မနက်စာစားရအောင်ဆိုတာနဲ့ လှေကားကနေ ပြေးဆင်းသွားတာများ ဘောလုံးလေးလိမ့်သွားတဲ့အတိုင်းပဲ ...
ကိုယ့်မှာသာ သူမပြုတ်ကျမှာဆိုးလို့ လက်ကြီးတကာကာနဲ့ ပြေးလိုက်ရတယ် ...

"မောနီး ဖေဖေနဲ့မေမေ "

"အေး မောနီး သမီး "

"မေမေ မနက်စာက ဘာလဲဟင် "

"ဒီမှာ မနေ့က သမီးစားချင်တယ်ပြောထားတဲ့ ရှမ်းခေါက်ဆွဲလေးလုပ်ပေးထားတယ်လေ "

"ဝါး စားမယ် စားမယ် "
စားချင်တာ စားရတော့မှာမို့ မျက်နှာလေးဖြီးကာ ခေါက်ဆွဲကို နယ်ပြီး ငရုပ်သီးအလှော်မှုန့်လေး ဖြူးမယ်အလုပ် ...

"ဟာ မိန်းမ ငရုပ်သီးတွေမစားနဲ့လေ "

"နည်းနည်းပဲလေ ... အစပ်လေးရောပါမှ စားကောင်းတာ "

"အစပ်တော့မစားပါနဲ့ဗျာ ... မိန်းမ ဗိုက်တွေနာလိမ့်မယ် ... အထဲထဲက ကလေးလေးလည်း ဆံပင်မပါပဲနေဦးမယ် "

"ဟုတ်သားပဲ သမီးရယ် ... ကိုယ်ဝန်သည်ဆိုတာ အစားအသောက်ဆင်ခြင်ရတယ်ကွယ့် "

"ဟွန့် ... ပိုးသားစားချင်ပါတယ်ဆို "

တည်ကြည်ခန့်က ပိုးသားလက်ထဲက ငရုပ်သီးဗူးကို ကောက်သိမ်းသွားတာမို့ မျက်နှာလေးမဲ့ကာ မျက်လုံးလေးတွေက ငရုပ်သီးဗူးဆီက မခွာနိုင် ...

"ငရုပ်သီးတော့ မစားနဲ့နော် ... ခဏနေ ဆေးရုံလဲ သွားရဦးမယ်လေ "
"အင်းလို့ "
ပိုးသား သူ့ကို မကြည်သလိုလေးကြည့်ကာ ဘောက်ဆတ်ဆတ်နှင့်သာ ဖြေလိုက်၏ ...
..........
မနက်စာစားပြီးတာနှင့် ဆေးရုံသွားလိုက်ကြသည် ...

"မိန်းမ ဖြေးဖြေးဆင်း "
ကားပေါ်ကနေ ပိုးသားကိုယ်လေးကို သေချာထိန်းကိုင်ပေးပြီး တွဲကာ  ဆေးရုံထဲဝင်လာတုန်း ...

"ဟင် ... မောင် "
သူမတို့နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့ ထူးခြားကြောင့် ပိုးသားအံ့ဩသွားရ၏ ...
နောက်ပြီး ခေါ်နေကျ မောင်ဆိုတဲ့ အသုံးနှန်းကလဲ သတိမထားလိုက်မိပဲ ထွက်သွားရသည် ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now