👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၄၃) ဇာတ်သိမ်းပိုင်း
🚨🚨🚨
"မိန်းမ ကြည့်ပါဦး ကိုယ်တို့သားနဲ့ သမီးက မိန်းမနဲ့ ချွတ်စွတ်ပဲ "
"မဟုတ်ပါဘူး ကိုနဲ့ တူတာပါ "
"မဟုတ်ပါဘူး မိန်းမနဲ့ တူတာပါဆို "
"ကိုနဲ့တူတာပါဆို "
"မိန်းမ နဲ့ပါဆို "
"ဟော ... ဒီလင်မယား နှစ်ယောက်ကတော့ ... မင်းတို့သားသမီးတွေပါဆို မင်းတို့နဲ့မတူလို့ဘယ်သူနဲ့တူမှာလဲ "
အနောက်ကနေ ဝင်လာတဲ့ တည်ကြည်ခန့် သူငယ်ချင်းတစ်ယောက်က လှမ်းနောက်လိုက်တော့ ...
"အေးလေကွာ ... မင်းတို့ နှစ်ယောက်လုံးနဲ့တူတယ် ကျေနပ်ပြီလား "
"ဟားဟား ... မင်းတို့က ဘယ်လိုရောက်လာကြတာတုန်းကွ "
"အမယ် ငါတို့ကို ဖုန်းဆက်ပြီး ကြွားတာက ဘယ်ကောင်တုန်း "
"အေးလေကွာ အမြွှာလေးမွေးတာက ထည့်ကြွားလိုက်သေး"
"ဟုတ်ပ မသိရင် တလောကလုံး သုတစ်ယောက်တည်း ကလေးအဖေဖြစ်တာကျလို့ "
"မင်းတို့ကလဲကွာ ငါက ပျော်လို့ပါကွ "
"အေးပါကွာ ... ဟျောင့် ငါပြောထားတာနော် မင်း သမီးမွေးရင် ငါ့သားနဲ့ ပေးစားရမှာလို့ "
"ဟ ... ဆုတောင်းလေ ပေးစားစရာလား ငါ့သမီးက ခုမှ မွေးတာ မင်း သားက လူပျိုတောင် ဖြစ်တော့မယ် "
"ဟ အဲ့တာတော့ ပိုသွားပြီ ခုမှ ၅နှစ်ပဲရှိသေးတယ် ဟျောင့် "
"ဘယ်လိုနေနေ မပေးစားနိုင်ဘူး ... အေး မင်းငါနဲ့ အရမ်းဆွေမျိုးတော်ချင်နေရင်တော့ ငါ့သားနဲ့ မင်း သမီးကို ပေးစားမယ်လေ "
"ငနဲကောင် မင်း နစ်နာသွားဦးမယ် သိလား "
"ဟားဟား မင်းအရင်စတာလေ "
"ပိုးသားဖြူရော နေရထိုင်ရ အဆင်ပြေရဲ့လား "
"ဟုတ် ပြေပါတယ် အကို "
ပိုးသား ပြုံးကာ ဖြေလိုက်၏ ...
.........."မိန်းမ ဆေးရုံဆင်းရင် ကိုယ်တို့အိမ်ပဲ ပြန်မလား "
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Romantizm👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...