👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၃၀)
🚨🚨🚨
ပိုးသားက ကားပေါ်ရောင်တဲ့အထိ ဘာစကားမှမပြောပဲ မျက်နှာက သုန်မှုန်နေ၏ ...
"မိန်းမ "
"ဘာလဲ "
ပိုးသား ဆောင့်အောင့်ကာ ထူးလိုက်၏ ... သူနဲ့မဆိုင်ပေမယ့် ဘာကိုစိတ်တိုနေမှန်းမသိ ..."အာ ... မိန်းမကလဲ ဘာလို့ကိုယ့်ကို စိတ်တိုနေရတာလဲ "
"အဲ့ကောင်မက ဘယ်သုလဲ ရှင့် အဆက်ဟောင်းလား "
"ဟာ ... ဖြစ်စရာလား မိန်းမရယ် ကိုယ့်ရဲ့ အချစ်ဦး အချစ်ဆုံး နောက်ဆုံးအချစ်က မိန်းမ တစ်ယောက်တည်းပါဗျာ "
"ဟွန့် ... "
"တကယ်ပါ မိန်းမရဲ့ အဲ့ကလေးမကို ကိုယ်စေ့စေ့တောင် ကြည့်ဖူးတာ မဟုတ်ဘူး "
"ကလေးမ ... သူက ရှင့်အတွက် ကလေးမလေးပေါ့ ..."
"ဟာ ... မဟုတ်ဘူးလေကွာ ကိုယ်က ဒီတိုင်း နာမ်စား သုံးနှုန်းလိုက်တာ ... သူ့နာမည်လဲ က်မှ မသိတာ "
"နာမ်စားတွေအများကြီးထဲမှ အဲ့နာမ်စားကိုမှ ရွေးသုံးရလား ... ဒါမှမဟုတ် ရှင်အမြဲတမ်းသုံးနေကျ နာမ်စားများလား "
ပိုးသား မိန်းမပီပီ အကုန်လိုက်ရစ်နေလိုက်သည် ...
ဘယ်လိုပဲဖြစ်ဖြစ် အဲ့လို ရစ်လိုက်ရတော့ စိတ်ထဲ နည်းနည်းတော့ ပေါ့သွားသလို ..."ဟာ ... မဟုတ်ရပါဘူးဗျာ ... မိန်းမကလဲကွာ ကိုယ်က ဒီမိန်းမလေးကိုပဲ ချစ်မဝဖြစ်နေရတာကို "
"ဟွန့် ... ဟိုကလဲ ခေါ်တာကိုက ကိုကို ကိုကိုနဲ့ သူများယောကျာ်းကို ဖြစ်ပျက်နေတာ "
"အဟက် ... မိန်းမက မကျေနပ်လို့လား မကျေနပ်ရင် မိန်းမလဲ ခေါ်လေ "
တည်ကြည်ခန့်ကတော့ ဘယ်လိုပဲပြောပြော သူ့မိန်းမ သဝန်တိုနေပုံလေးကြည့်ပြီး အူမြူးနေရ၏ ..."ဟွန့် မခေါ်ပါဘူး ... အဲ့ စနှိုက်ေကြာ်မလို လိုက်ခေါ်စရာလား "
"ဟားဟား ... ဘာကြီး မိန်းမ အဲ့လိုတွေလဲ ပြောတတ်တာလား
... စိတ်ချ သူ့ဘက်က စနှိုက်ပြီး ကြော်နေလဲ ကိုယ်က အကြော်မခံဘူး ဟုတ်ပြီလား "
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Romance👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...