👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၃၆)
🚨🚨🚨
တည်ကြည်ခန့် လေယာဉ်ပေါ်မှာ မျက်နှာကြီး သုန်မှုန်နေပြီး တစ်ယောက်တည်းစိတ်တိုပြီး ရင်တွေပူနေရသည် ...
ဖုန်းကိုင်လို့ကိုင်ငြား လေယာဉ်ပေါ်လဲမမှုနိုင် သူမဆီ ဖုန်းခေါ်နေပေမယ့် ခုချိန်ထိ သူမဖုန်းက ပြန်မဖွင့်သေးပေ ...
"ဟာကွာ တောက်ခ် ခွမ်း "
သူဒေါသနဲ့ ပစ်ပေါက်လိုက်တဲ့ ဖုန်းလေးမှာ နှစ်ခြမ်းကွာသွားကာ ပျက်စီးသွားရသည် ...
.......လေယာဉ်ဆိုက်တာနှင့် လေယာဉ်ပေါ်က ချက်ချင်းဆင်းကာ လာကြိုတဲ့ကားပေါ် တက်လိုက်ပြီး အိမ်ကိုတန်းမောင်းခိုင်းလိုက်သည် ...
အိမ်ေရှ့ရောက်တော့ အိမ်တံခါးကလဲ သူပိတ်ခဲ့တဲ့အတိုင်း ...
သူ သော့ဖွင့်ကာ အိမ်ထဲ အမြန်ဝင်ကြည့်လိုက်တော့ တိတ်ဆိတ်နေကာ သူမက မရှိ ... မဟုတ်ဘူး သူမ မရှိနေတာ မဟုတ်ဘူး ဒီကို လာကို မလာခဲ့တာ ...သူ့ရင်တွေပိုပူသွားရကာ တုန်လှုပ်သွားရသည် ...
သူမ သူ့ကို ပစ်သွားပြီများလား ...'ဘယ်တွေများ သွားနေတာလဲ မိန်းမရယ် ကိုယ်တောင်းပန်ပါတယ်ကွာ '
ဒီအချိန်အတွင်းတော့ သူမ ဘယ်မှ သွားနိုင်မှာ မဟုတ်သေး ...
သူမ မိဘတွေအိမ်လို့ပဲ တွက်ဆကာ သူကိုယ်တိုင် ကားကို တရကြမ်းမောင်းပြီး ထွက်လာခဲ့လိုက်သည် ..."ကျေးဇူးပြုပြီး ဘယ်မှ မသွားပါနဲ့ မိန်းမရယ် ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်လို့ပါ ..."
တည်ကြည်ခန့် ယောက္ခမအိမ်ရှေ့ရောက်တော့ ခြံတံခါးပိတ်ထားတာမို့ ကားကိုအပြင်မှာရပ်ကာ ခြံတံခါးက ခေါင်းလောင်းကို တီးပေမယ့် ဘယ်သူမှ ထွက်မလာတာမို့ သူ့မိန်းမ နာမည်ကိုသာ လှမ်းခေါ်လိုက်၏ ...
"ပိုးသား ... ပိုးသား မိန်းမ "
"ဟင်း ... "
ဒေါ်ငွေခင် အိမ်ေရှ့ကို လှမ်းကြည့်ကာသက်ပြင်းတစ်ချက်ချပီ့း ထွက်ခဲ့လိုက်သည် ...
ပတ်ဝန်းကျင်လဲ ရှိသေးတာမို့ ခုလိုကြီး အော်ခေါ်နေတာနဲ့ ဒီတိုင်းထားထားလို့လဲ မဖြစ် ...
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Romance👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...