👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၄၀)
🚨🚨🚨
ပိုးသားရဲ့ ဗိုက်ကလေးက တဖြည်းဖြည်းပူလာကာ အပျိုဗိုက်ဆိုပေမယ့် သူများတွေလို သေးသေးလေးမဟုတ်ပဲ ပိုးသားဗိုက်က တော်တော်ပေါ်လှသည် ...
ဗိုက်အနေအထား အဆင်ပြေ မပြေ ဓာတ်မှန်သွားရိုက်ပေမယ့် ကလေးက ဘာလေးလဲဆိုတာတော့ရိုက်မကြည့်ပေ ...
မွေးလာမှ ရင်ခုန်ချင်ပါသည် ...
သူကလဲ ပိုးသားစိတ်တိုင်းကျ အကုန် ခေါင်းငြိမ့်ပေးပါသည် ...ကိုယ်ဝန်စရှိတယ်သိကတည်းက ပိုးသားကို ဘာဆိုဘာမှမလုပ်ခိုင်းပဲ အဝတ်လျှော်တာကအစ ပိုးသားအဝတ်တွေလဲ သူသာလျှော်ပေးပါသည် ....
မေမေတို့အိမ်နေတာဆိုတော့ သူအလုပ်သွားရင်လဲ မေမေက ဂရုစိုက်ပေး၏ ...
စကားပြောဖော်လဲ ရှိနေတာဆိုတော့ မပျင်းရ ...
အိမ်မှာ အိပ်လိုက် စားလိုက် နဲ့လုပ်နေတာ ခုဆို ဗိုက်နဲ့အတူ လူကလဲ ဝိတ်တွေတက်လာကာ ဗိုက်ကလုံးလုံး လူကလုံလုံး ဖြစ်နေတော့၏ ...အခုလဲ မေမေသုပ်ကျွေးတဲ့ အသုပ်စုံလေးထိုင်စားကာ တီဗီထိုင်ကြည့်နေလိုက်သည် ...
ဗိုက်ကြီးသည်ဆိုတော့ သွေးတောင်းသမျှက ချဉ်ချဉ်ငံငံစပ်စပ်တွေချည်းပင် ..."မိန်းမ လမ်းလျှောက်ထွက်စို့လေ "
ရေချိုးပြီး အကျီလက်ရှည်နဲ့ ပုဆိုးအကွက်စိတ်အမဲလေးဝတ်ကာ ဆင်းလာ၏ ...
ကိုယ်ဝန်စရတည်းက ပိုးသား ကလေးမွေးရဖွားရလွယ်အောင် ညနေတိုင်းသူကလမ်းလိုက်လျှောက်ပေးပါသည် ...
ပိုးသားပျင်းနေလဲ လမ်းထိပ်က မုန့်ဝယ်ေကျွးမယ်ဘာညာနဲ့ မရမကခေါ်ကာ သူက မပျင်းမရိ လိုက်လျှောက်ပေး၏ ..."ဟင် သွားရဦးမှာလား ... နေဦး ပိုးသား ဒီကားလေးပြီးအောင်ကြည့်လိုက်ဦးမယ် "
"မိန်းမကလဲကွာ မိုးချုပ်သွားလိမ့်မယ် သွားရအောင်နော် အပြန်မှကြည့်လေ ...မိုးချုပ်ရင် ကိုယ်ဝန်သည်တွေအတွက်မကောင်းဘူး "
"ဟွန့် တစ်ရက်လေး နားလိုက်တော့ ဘာဖြစ်မှာမို့လဲလို့ "
သူမက နှုတ်ခမ်းလေးဆူကာ ပြောနေတာကို တည်ကြည်ခန့် အသဲတွေယားနေရသည် ...
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Romance👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...