👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၈)
🚨🚨🚨"ကျွီ "
ပိုးသား အလုပ်ကဆင်းဆင်းချင်း ရှေ့တည့်တည့်ကို ကားတစ်စီးထိုးရပ်လာပြီး ..."တက်"
"ဟင် "
ဟိုလူ ... သူမရဲ့ သတို့သားလောင်းကြီး ..."ဟေ့ ဘာကြောင်ကြည့်နေတာလဲ တက်လို့ပြောတာမကြားဘူးလား "
"ကျွန်မက ဘာလို့တက်ရမှာလဲ ... အိမ်ပြန်လိုက်ပို့ဖို့ဆို မလိုဘူး ကျွန်မ ဘတ်စ်ကားစီးပြန်မှာ "
"ကိုယ်တို့ မဂ်လာဝတ်စုံကိုယ်တိုင်းသွားတိုင်းရမယ် "
"နောက်နေ့မှသွားမယ် ပိုးသား မေမေ့ကိုလည်း မပြောရသေးဘူး "
"အဲ့အတွက်စိတ်မပူနဲ့ အန်တီ့ကို ကိုယ်ပြောခဲ့ပြီ "
"ဟမ် "
"ဟုတ်တယ် မဂ်လာဝတ်စုံသွားတိုင်းဖို့ မင်းကို အလုပ်မှာ ဝင်ခေါ်ပြီး ပြီးမှအိမ်ပြန်ပို့ပေးမယ်လို့ ပြောခဲ့တယ် ... အန်တီကလည်းလက်ခံတယ် မင်းမယုံရင် ဖုန်းဆက်မေးလိုက် "
"ဟင်း ... ဒါပေမယ့် ကျွန်မက အခုမှ အလုပ်ဆင်းတာလေ ဘာမှ မပြင်ဆင်ရသေးဘူး နောက်မှသွားမယ် "
"မလိုပါဘူးဗျာ ... ကိုယ်ဇနီးလောင်းလေးက ဘယ်လိုနေနေ လှပြီးသားပဲ "
"ရှင် ... ရှင်ဘယ်လို ခေါ်လိုက်တာလဲ ... အပြောအဆိုဆင်ခြင်ပါ "
ရဲခနဲ ဖြစ်သွားတဲ့ ပါးလေးကိုအုပ်ကိုင်ကာ ဘောက်ဆက်ဆက်ပြန်ပြောလိုက်တော့ ..."ဟာ ... ဘာကိုအပြောအဆိုဆင်ခြင်ရမှာလဲ ကိုယ်ပြောတဲ့ထဲ ဘာအမှားပါလို့လဲ မင်းနဲ့ကိုယ်က မကြာခင်မဂ်လာဆောင်ကြတော့မှာလေ ခုတောင် မဂ်လာဝတ်စုံသွားတိုင်းမလို့မလား အဲ့ဒါ ကိုယ့်ဇနီးလောင်းမဟုတ်လို့ ဘာလဲ ... တကယ်တမ်းဆို ဇနီးလောင်းတောင်မဟုတ်တော့ဘူး မင်းနဲ့ကိုယ်က စာချုပ်မှာ လက်မှတ်ရေးထိုးပြီးတဲ့ တရားဝင် လင်မယားတောင် ဖြစ်နေပြီ ..."
မျက်မှန်အောက်က မျက်လုံးတွေက ဝံ့ကြွားစွာနဲ့ မာန်ပါပါ ပြောလိုက်သည် ...
"ကျစ် ... ဘယ်လိုနေနေ ဒီနေ့တော့ ကျွန်မ မလိုက်နိုင်ဘူး ... အခုမှ အလုပ်ကဆင်းတာ နားတောင်မနားရသေးဘူး ... ရှင်တို့လို ရုံးမှာပဲ ထိုင်နေရုံနဲ့ ပိုက်ဆံရတဲ့ သူဌေးမဟုတ်ဘူး ... ကျွန်မတို့က တစ်နေကုန် အလုပ်လုပ်ထားရတာ ပင်ပန်းတယ် "
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Storie d'amore👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...