👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း ( ၁၁ )
🚨🚨🚨
"ဝတ်စုံအတွက် သွားချင်တဲ့ဆိုင်ရှိလား "
"မရှိဘူး ... ရှင်အဆင်ပြေတဲ့ ဆိုင်ပဲ သွားပါ "
"အဲ့ဒါဆို မေမေပြောထားတဲ့ ဆိုင်ကိုအရင်သွားလိုက်မယ်နော် တကယ်လို့ မိန်းမ စိတ်တိုင်းမကျရင် နောက်တစ်ဆိုင်ပြန်ပြောင်းကြတာပေါ့ "
သူမသဘောကျဖို့က သူ့အတွက် အရေးကြီးပါသည် ..."..."
ခဏအကြာ ကားက ဆိုင်တစ်ဆိုင်ရှေ့ထိုးရပ်သွားကာ ကြည့်လိုက် ဆိုင်က တော်တော်ခမ်းနားလှကာ မဂ်လာဝတ်စုံတွေချည်းပဲ သီးသန့်ရောင်းတဲ့ ဆိုင်ဖြစ်ဟန်တူသည် ...
"ရောက်ပြီ ... မကြိုက်ရင်ကိုယ့်ကိုပြောနော် ... ဆိုင်ရှင်လည်း ဘာမှ အားနာစရာမလိုဘူး "
တည်ကြည်ခန့်ဆိုတာ အဲ့လိုလူမျိုးပင် ... ပိုးသားဖြူဆိုတဲ့ မိန်းကလေးက လွဲရင် ဘယ်သူ့အမြင်ကိုမှ သူဂရုမစိုက် ...
"အင်းပါ "
"မဂ်လာပါရှင့် "
သူမတို့ ဆိုင်ထဲ ဝင်သွားတော့ ဝန်ထမ်းကောင်မလေးတွေက ခါးလေးကိုင်းကာ အပြုံးလေးနှင့် ကြိုဆိုကြ၏ ...
ပိုးသားလဲ ထိုကောင်မလေးတွေကို ပြန်ပြုံးပြလိုက်ကာ အထဲ ဝင်ခဲ့လိုက်သည် ..."မဂ်လာဝတ်စုံကြည့်ချင်လို့လားရှင့် ဘယ်အမျိုးအစားထဲက ပြပေးရမလဲ လိုချင်တဲ့ ပုံစံလေးရော ရှိလား "
ဆိုင်ရှင် ဖြစ်ဟန်တူသည့် အမတစ်ယောက်က သူမတို့နား ရောက်လာကာ မေးလိုက်တော့ ..."ဟို ... လိုချင်တဲ့ ပုံစံရယ်လို့တော့ ရွေးထားတာမရှိဘူးရှင့် ... ဒီတိုင်း အဆင်ပြေမယ့်ဟာလေးကြည့်ကြည့်ချင်လို့ "
"အော် ဟုတ်ကဲ့ ... ရပါတယ် စိတ်ကြိုက်ရွေးလို့ရပါတယ်နော် ... အရောင်လေးရော ရွေးထားတာ ရှိလား ညီမလေး "
"အရောင်ကတော့ အဖြူလေးသဘောကျတယ်အမ ... ရှင်ကရော ဘာအရောင်ကြိုက်လဲ "
ပိုးသား တိတ်နေတဲ့ သူ့ဘက်လှည့်ကာ မေးလိုက်တော့ ချောင်းတစ်ချက်ဟန့်ကာ ..."အဟမ်း ... ကိုယ်က မင်းကြိုက်တဲ့ဟာ အကုန်ကြိုက်တယ် မင်းသဘောပဲ "
ရုပ်က ခပ်တည်တည်နှင့် ထွက်လာတဲ့ စကားတွေနဲ့ မလိုက် ...
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Romance👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...