👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၁၃)
🚨🚨🚨ပိုးသား သူ့ဆန္ဒအတိုင်း သူ့အတွက် ဝတ်စုံလိုက်ရွေးပေးလိုက်သည် ...
ပိုးသားနဲ့ ဆင်တူ အဖြူပဲဝတ်မယ်ပြောပေမယ့် သူ့ပုံစံက အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းမို့ အမဲနဲ့ပိုလိုက်မှာမို့ အမဲပဲဝတ်ဖို့ပြောလိုက်သည် ..."ရော့ ဒါလေးဝတ်ကြည့်ပါလား "
အသားကောင်းတာမို့ ပြောင်လက်ေနတဲ့ အမဲရောင် ဝတ်စုံပြည့်အဆက်လိုက်ကို သူ့ကိုယ်နဲ့ တိုင်းကြည့်ကာ ဝတ်ခိုင်းလိုက်သည် ..."အွန်း "
တည်ကြည်ခန့် အဝတ်လဲခန်းထဲ ဝင်ကာ သူမရွေးပေးတဲ့ အမဲရောင် ဝတ်စုံပြည့်အကုန်ဝတ်ဆင်လိုက်သည် ...
နက်ခ်တိုင်ကကျ အဖြူရောင်ဖြစ်ကာ ငွေကြိုးအတန်းလေးတွေ ပါ၏ ...
ဝတ်ပြီးတာနှင့် ထွက်ကာ ပိုးသားဆီသွားလိုက်သည် ..."ဘယ်လိုလဲ "
တည်ကြည်ခန့် အကျီကိုကော်လံကနေ ဟန်ပါပါဆွဲချလိုက်ပြီး မျက်မှန်ကိုပင့်တင်ကာ ပိုးသားကို မေးငေါ့၍မေးလိုက်သည် ..."ဟင် ..."
ဒီလူကို အဲ့လေယက်တောင်ချောတာလား ...
ပိုးသား သူ့ကိုမျက်တောင်မခတ် ကြည့်နေမိသည် ...
အရပ်ရှည်သူမို့ ဝတ်စုံပြည့်ဝတ်ထားတာက ပုကွကွ ဖြစ်မနေပဲ ခြေတံရှည်တွေက ထင်းနေကာ ရင်ပြင်ကျယ်ကျယ်ကလဲ ပေါ်လွင်နေ၏ ...
မျက်မှန်တပ်ထားပေမယ့် လူကြီးရုပ်မပေါက်ပဲ ပိုပြီးကြည့်ကောင်းစေသည် ...
လှန်တင်ထားတဲ့ ဆံပင်ကလဲ နက်မှောင်နေကာ ပိုပြီးခန့်စေသည် ..."ဘယ်လိုလဲ ကိုယ့်ကိုကြွေသွားပြီလား "
ထွက်လာကတည်းက သူ့ကိုမျက်တောင်မခတ် စိုက်ကြည့်နေသော ပိုးသားကို လှမ်းစလိုက်သည်။ ..."ဟင် ... မဟုတ် မဟုတ်ပါဘူး ကျွန်မက ရှင့်ကို ဘာလို့ကြွေရမှာပဲ "
ထိုအခါမှ ပိုးသား သူခိုးလူမိသလို ပြာပြာသလဲ ဖြစ်သွားရကာ အကြောက်အကန် ငြင်းဆိုလိုက်၏ ...
"အဟက် ... ရှက်နေလိုက်တာဗျာ ..."
နီရဲနေတဲ့ သူမပါးလေးနှစ်ဖက်ကို အူယားလာတာမို့ ဆွဲညှစ်ကာ ပြောလိုက်တော့ ..."အ ...နာတယ်လို့ "
ပါးလေးနှစ်ဖက်ကို ပွတ်ကာ ပေကပ်ကပ်နှင့် သူ့ကို ကြည့်လာ၏ ...
YOU ARE READING
ရင်ခွင်ထဲက သတို့သမီး
Romance👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 🚨🔞 တည်ကြည်ခန့် ငါ့ဘဝမှာပထမဆုံးရင်ခုန်မိတဲ့ မိန်းကလေးက မင်းပဲမို့ ငါ့နှလုံးသားကိုလည်း မင်းပဲပိုင်တယ် ... မင်းက ကိုယ့်ရင်ခွင်ထဲက သတို့သမီးပဲ ... ပိုးသားဖြူ အို ... ခက်ပါလား ရှင်ရယ် ... ကျွန်မမှ ရှင့်ကို မချစ်ပါဘူးဆို...