အပိုင်း (၃၂)

11K 103 2
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၃၂)

🚨🚨🚨

"ဟိုလေ ပိုးသားတို့ ပွဲသွားကြည့်ရအောင် "

"ဘယ်ပွဲလဲ "
နေ့လည်တည်းက သဝန်တိုပြီး ကောက်နေတာ ခုထိမပြေသေးပဲ မျက်နှာကြီးက တည်တင်းလို့နေ၏ ...
ဟုတ်တယ်လေ ယောက်ျားကြီးကျ ဘေးးမှာ ပလစ်ထားပြီး ငမ်းနေလိုက်တာဆိုတာ ....နောက်ပြီး ပြန်လဲမချော့ဘူး ...

"မနက်က အန်ကယ်ပြောသွားတာလေ ဟိုတယ်မှာ ပွဲသေးလေးရှိတယ်ဆိုတာ "

"မသွားဘူး "
ဟို အဖြူကောင်တွေပဲမလား ...

"အဲ့တာဆိုလဲ ပိုးသားတစ်ယောက်တည်းသွားမယ်နော် "
သူမလိုက်လဲ ဘာမှမဖြစ်ပါဘူး ...အဓိက က ပိုးသား သွားကြည့်ရဖို့ပဲ ...

"ဘာကွ ... မသွားရဘူး အခန်းထဲက အခန်းပြင်ကို ထွက်ဖို့မစဉ်းစားနဲ့ "

"ရှင် ... သက်သက်ညစ်တာ ... သွားမှာပဲ ကျွန်မခြေထောက်နဲ့ ကျွန်မသွားတာ ဘာဖြစ်လဲ "

ပိုးသား ပြောပြောဆိုဆိုနှင့် အခန်းဝဆီ လှမ်းလိုက်တော့ ...

"လုပ်ရဲရင် လုပ်ကြည့်လိုက်လေ ... အခန်းပြင်တစ်လှမ်းလှမ်းလိုက်တာနဲ့ မြန်မာပြည် ချက်ချင်းပြန်ရမယ်မှတ် "

"ဟင့် ... ရှင်တော်တော် အကျင့်ပုတ်ပါလား "
ပိုးသား မျက်နှာလေးမဲ့ကာ အထဲပြန်လျှောက်လာကာတော့ ဘာဖြစ်လဲဆိုတဲ့အထာနှင့် မျက်ခုံးကိုပင့်ကာ ညစ်ညစ်အပြုံးကြီးနှင့် လှောင်ရယ်သံကြီးက ထွက်လာ‌သည် ...

"အဟက် ..."

ပိုးသား အခွင့်အရေးက နှစ်ခါမရနိုင်တာမို့ သွားကို သွားရမည် ...
သူခွင့်ပြုအောင် ဘယ်လိုလုပ်ရမလဲ အကြံထုတ်နေ၏ ...

"ယောက်ျား "

"ဟင် ဘယ်လိုခေါ်လိုက်တာ "

နှုတ်ခမ်းလေးဆူနေရင်းကနေ ရုတ်တရတ်ထွက်လာတဲ့‌ေခါ်သံ‌ေလးကြောင့် တည်ကြည်ခန့် မျက်လုံးပြူးသွားကာ သူမကို အံ့ဩသလိုလှမ်းကြည့်လိုက်တော့ ...

"ယောက်ျား ပိုးသားကို သွားခွင့်ပြုပါနော် ... နော်လို့ "

သနားစရာမျက်နှာလေးနှင့် ချစ်ဖို့ကောင်းအောင်လုပ်ပြလာတော့ တည်ကြည်ခန့်ရင်ထဲ ကျင်ခနဲဖြစ်သွားရကာ ရင်ထဲလဲ ဗြောင်းဆန်သွားရသည် ...
ဒီကောင်ကြီးကို သမာဓိအားကောင်းတယ်များမှတ်နေလား ...
ဒါပေမယ့် သူ မျက်နှာပြန်တည်ကာ ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now