အပိုင်း (၂၀)

15.1K 146 3
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၂၀)

🚨🚨🚨

"အင်း ..."
တည်ကြည်ခန့် မျက်လုံးဖွင့်ဖွင့်ချင်း သူ့ဘေးမှာအိပ်ပျော်နေတဲ့ သူမမျက်နှာလေးကိုမြင်လိုက်ရတာကြောင့် နှုတ်ခမ်းအစုံတွန့်ကွေးကာ ပြုံးမိသွားရသည် ...

"ပြွတ်စ် ... ချစ်လိုက်တာဗျာ "
ညကအရှိန်ကြောင့်ရဲတွတ်နေတဲ့ နှုတ်ခမ်းသားလေးတွေကို နမ်းရှိုက်လိုက်ကာ ရေရွတ်လိုက်၏ ...

နှဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို ဖယ်ပေးရင်း နှဖူးကိုထိလိုက်မိတဲ့အခါမှာတော့ ...

"ဟင် ... ဟာ မိန်းမ ဖျားနေတာလား ပူကျစ်နေတာပဲကွာ "

"အင့် အဟင့် "
ပိုးသား မျက်လုံးမဖွင့်ပဲ ညဉ်းသံလေးတွေထွက်နေ၏ ...

"ဟာကွာ "

တည်ကြည်ခန့် အိပ်ယာပေါ်မှ အမြန် ထထိုင်လိုက်ကာ သူမကိုယ်လေးကိုသေချာစမ်းကြည့်လိုက်တော့ တကယ်ကို ကျစ်ကျစ်တောက်ပူနေသည် ...
တစ်ကိုယ်လုံးမှာလဲ သူကိုက်ထားတဲ့အရာတွေနှင့် အနီကွက်တွေကအပြည့်ဖြစ်နေကာ ရစရာပင်မရှိ ...

အမြန်ပြေးဆင်းကာ ရေချိုးခန်းထဲဝင်လိုက်ပြီး ပဝါဖြူလေးကို ရေဇလုံလေးထဲ ထည့်ပြီးယူခဲ့လိုက်သည် ...
ပဝါဖြူလေးကိုရေထဲနှစ်လိုက်ပြီး ရေညှစ်ကာ သူမနဖူးလေးပေါ်  တင်ပေးလိုက်သည် ...

"အင်း ... အဟင့်ဟင့် "
တစ်ချက်တစ်ချက် သူမထံမှ ညဉ်းသံသဲ့သဲ့လေးကလည်း ထွက်လာသေး၏ ...

တည်ကြည်ခန့် ကုတင်ဘေးက ဖုန်းလှမ်းယူလိုက်ကာ မေမေ့ဆီ ဖုန်းဆက်လိုက်သည် ...

" ဟယ်လို မေမေ ... ကျွန်တော့အိမ်ကို family doctor (မိသားစု ဆရာဝန် ) လွှတ်ပေးပါဦး "

"ဟယ် ... သားတို့ ဘာဖြစ်ကြလို့လဲ "
မနေ့ကမှ မဂ်လာဆောင်တာ ဒီနေ့ ဒေါက်တာလွှတ်ခိုင်းတာကြောင့် ဒေါ်မြခက် ထိတ်လန့်သွားရသည် ...
လင်မယားတွေ ရန်တွေဘာတွေများ ဖြစ်ကြတာလား ...

"ဟို ... ပိုးသား နေမကောင်းလို့ပါ "

"ဟုတ်လား ... အေးအေး ဟုတ်ပြီ မေမေ ဒေါက်တာကိုခေါ်ပြီး သားတို့အိမ် အခုပဲ လာခဲ့မယ် "

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now