အပိုင်း (၅)

11.9K 144 0
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၅)
🚨🚨🚨

"ကျွန်တော် ပိုးသားဖြူကို လက်ထပ်ချင်တယ်မေမေ "
ရုတ်တရတ် ပြတ်ရှတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည် ...

"ဘယ်လို သား သားတကယ်ပြောတာလား ..."

"ဟုတ် "

"မေမေ ဝမ်းသာလိုက်တာသားရယ် ... မေမေက သားဆီက ဒီလို စကားမျိုးကို စောင့်နေတာ ....ဒါနဲ့ သား အဲ့မိန်းကလေးကို တကယ်ချစ်လို့လား ... ဒါမှ မဟုတ် မေမေအတင်းအကြပ်ပြောလို့ လက်ခံမယ်ပြောတာလားဟင် ... မေမေတို့ စ္စဉ်လို့ အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ရပြီး ပြိုလဲ သွားရမယ့် အဖြစ်မျိုးကိုလဲ မလိုချင်ဘူး "

"စိတ်ချပါ မေမေရဲ့ ... ကျွန်တော်က မချစ်မနှစ်သက်တဲ့ မိန်းကလေးကို လက်ထပ်မယ့်သူမဟုတ်ဘူး ... ကျွန်တော် သူမကို အရမ်းချစ်တယ် ..."

"အမလေး ဟုတ်ပါပြီကွယ် ... အဲ့ဒါဆို မေမေ သားအဖေကို ပြောပြီး တစ်ဖက်က မိဘတွေဆီ ဆက်သွယ်လိုက်တော့မယ်နော် ..."
ဒေါ်မြခက်ကတော့ သူ့သားဆီက မျှော်လင့်နေတဲ့ စကားတွေ ကြားလိုက်ရတော့ ပီတိတွေဖြာနေတော့သည် ...

"ဟုတ် "
တည်ကြည်ခန့်ကတော့ သူမနဲ့ တွေ့ဆုံပေးတဲ့ ကံတရားကိုပဲ ကျေးဇူးတင်ရမလား ... မေမေ့ကိုပဲ ကျေးဇူးတင်ရမလား ...
အဆမတန်ခုန်လှုပ်နေတဲ့ ရင်ခုန်သံတွေကို ထိန်းချုပ်ရင်း သူမပုံလေးကို ခေါင်းရင်းမှာ ထောင်ထားလိုက်သည် ...
..........

"ဟဲ့ မိပိုးသား ညဉ်းခုထိ ဘာမှ မပြင်ဆင်ရသေးဘူးလား "
ဒေါ်ငွေခင် ဧည့်သည်တွေအတွက်ပြင်ဆင်ရင်း သမီးဖြစ်သူကိုလှမ်းကြည့်ကာမေးလိုက်တော့ ...

"သမီးက ဘာပြင်ရမှာလဲ မေမေရဲ့ "
မောင့်ကိုရွဲ့ပြီးတော့သာ မေမေ့စိတ်တိုင်းကျ လက်ခံလိုက်ရပေမယ့် ပိုးသားထိုလူ့ကို စိတ်လဲမဝင်စားသလို လက်လဲမထပ်ချင်ပါ ...
သူ့ဟာသူ ဘယ်လိုလူကြီးပဲဖြစ်ဖြစ် ပိုးသားဖြူတို့က အထင်ကို မကြီးပါ ...

"မိပိုးသား ညဉ်းငါလုပ်လိုက်ရလို့ ... သွား ခုရေမိုးချိုး ပြင်ဆင်လာခဲ့ အေး မထော်မနန်း မလှမပ လုပ်လာလို့ကတော့ ငါ့အကြောင်းသိတယ်နော် ..."
သမီးဖြစ်သူအကြောင်း သိနေတဲ့ ဒေါ်ငွေခင်က လှမ်းကျိန်းလိုက်သေး၏ ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now