အပိုင်း (၃၈)

12.2K 139 0
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၃၈)

🚨🚨🚨

ပိုးသား မထချင်ပေမယ့်  ကြိတ်မှိတ်ထကာ အဝတ်စားလဲပြီး အောက်ထပ်ဆင်းခဲ့လိုက်၏ ...

"‌သမီးနိုးပြီလား လာ မနက်စာစားရအောင် "

"ဟုတ် မေမေ "
မေမေ့ကို ခပ်ဖွဖွလေးပြုံးပြပြီး စားပွဲမှာ ဝင်ထိုင်မည်အလုပ် ...

"ရှင် ... ရှင်ဘာလာလုပ်တာလဲ "

ထိုင်ခုံပေါ်ကနေ သူမကို မရဲတရဲပြုံးပြကာ ကြည့်နေတာ မြင်လိုက်ရတော့ ပိုးသားမျက်နှာချက်ချင်းပျက်ယွင်းကာ တစ်ဖက်ပြန်လှည့်လိုက်တော့ ...

"မိန်းမ ကိုယ်တောင်းပန်ပါတယ်ကွာ "

"ကျွန်မ ရှင့်မျက်နှာ မမြင်ချင်ဘူးလို့ ပြောထားတယ်လေ "

"သမီး မောင်တည်ကြည်ခန့်ပို မေမေခေါ်ထားတာပါကွယ် ... "

"..."
မေမေ့ကိုလဲ အပြစ်တင်လို့တော့မရပါ ... ပိုးသားတို့ ဘာဖြစ်ကြတယ်ဆိုတာ မေမေလဲ ဘာမှ သိတာမဟုတ် ...

"မိန်းမ ကိုယ်တို့စကားခဏလောက်ပြောရအောင်နော် ..."

"ကျွန်မမှာ  ဘာမှ ပြောစရာမရှိဘူး "
ပိုးသား ပြောပြီးလှည့်ထွက်မည်အလုပ် ...

"ဒါပေမယ့် ကိုယ့်မှာရှိတယ်လေ ခဏလေးပါကွာနော် "

"ဟုတ်သားပဲ သမီးရယ် တစ်ယောက်ပြောတာ ‌တစ်ယောက်နားထောင်ပြီးမှ ညှိညှိနှိုင်းနှိုင်းလုပ်ကြပါလားကွယ် "

"ဟုတ်တယ် သမီး ... အပြတ် အပြတ်နဲ့ နှာခေါင်းသွေးမထွက်ကြပါစေနဲ့ကွယ် "
သူ့မိန်းမစကားကို ဦးမင်းရောင်ကပါ ဝင်ထောက်ခံကာ ပြောလိုက်၏ ...
သမီး အိမ်ထောင်ရေးကိစ္စ လူငယ်တွေကိစ္စဆိုတော့ ဝင်ပါလို့လဲမကောင်း ... နောက်ပြီး ပြဿနာကိုလဲ မသိရ ...

"ဘာမှညှိနှိုင်းစရာ မရှိတော့ပါဘူးမေမေ ... တည်ကြည်ခန့် ရှင်ပြန်တော့ မနက်ဖြန်ရှင့်ကို ကွာရှင်းစာချုပ်ပို့လိုက်မယ် "

"ဘာ ပိုးသား မင်းဘယ်လိုပြောလိုက်တယ် "
တည်ကြည်ခန့် စကားထက် ခြေထောက်တွေက လျှင်မြန်စွာ သူမနားတိုးကပ်သွားလိုက်၏ ...

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now