အပိုင်း (၉)

11K 126 0
                                    

👰🏻 ရင်ခွင်ထဲက သတို့သမီး 👰🏻 အပိုင်း (၉)
🚨🚨🚨

"ဟင့် ... ရှင်သက်သက်ညစ်ပတ်တာ "
ပိုးသား မျက်နှာလေးရဲကာ သူနဲ့လည်း ဆက်မနေရဲတော့တာမို့ ကားပေါ်ကဆင်းပြီး အိမ်ထဲပြေးဝင်ခဲ့လိုက်သည် ...

"အဟက် "
တည်ကြည်ခန့် ကတော့  ရှက်သွားတဲ့ သူမကို ကြည့်ကာ အသံထွက်အောင် ရယ်နေလိုက်သည် ...

"ဟူး "
အခန်းထဲရောက်တော့ သူမ မျက်လုံးလေး မှိတ်ကာရင်ဘတ်လေးကို ဖိလိုက်သည် ...

ရှေ့ကမှန်ထဲမှာ မြင်နေရတဲ့ ပိုးသားကိုယ့်ကိုကိုယ် ကြည့်မိတော့ မျက်နှာတစ်ခုလုံးရဲတွတ်နေလေသည် ...

ပိုးသား ရည်းစားထားခဲ့ဖူးပေမယ့် ... မောင်နဲ့က နမ်းဖူးတာရှားပါသည် ...

ခုက သူနဲ့ကျ ဘယ်လိုပဲ လက်ထပ်တော့မယ့် သတို့သားလောင်းပဲ ဖြစ်ပါစေ ...
ခုမှ တွေ့ဖူးသိဖူးတဲ့လူပဲလေ ...
..........

ထူးခြား ဒီနေ့ အိမ်ပြန်လာရင်း လမ်းမှာ မ တို့ အိမ်ရှေ့က အဖြတ် ကားတစ်စီး ရပ်ထားကာ အဲ့ကားထဲမှ မ က ပြေးဆင်းလာပြီး အိမ်ထဲဝင်သွားတာ တွေ့လိုက်ရသည် ...
ကားပေါ်က လူကိုတော့ မမြင်ရပေမယ့် ... ထူးခြား အဲ့လူကို မနာလိုမိပါသည် ...
သူမပိုင်ဆိုင်ရတဲ့ အရာအားလုံးကို ပိုင်ဆိုင်နိုင်တဲ့သူလေ ... အထူးသဖြင့် " မ "ကိုပေါ့ ...

"မသက်ထား ရေ မသက်ထား "

"ရှင် လာပြီ အမရေ လာပြီ "

"အော် ... တော်ပါသေးတယ် မသက်ထား အိမ်မှာမှ ရှိပါ့မလားလို့ "

"ဟုတ် ရှိပါတယ်အမရဲ့ ... လာထိုင် ဘာပြောစရာရှိလို့လဲ "

"ဘာရယ်တော့မဟုတ်ပါဘူးအေ ... ကျုပ်ပျင်းလို့ အလည်လာတာပါ "

"ဟုတ်အမ ...ဒီမှာ လက်ဖက်လေးဝါးနော် "
ဒေါ်သက်ထား ဧည့်သည်လာရင် ဧည့်ခံရအောင် အဆင်သင့်ပြင်ထားတဲ့ လက်ဖက်အုပ်လေးနဲ့ ရေနွေးဓာတ်ဘူးလေးချ‌ေပးကာ ပြောလိုက်သည် ...

"ရပါတယ်အေ "

အိမ်ရှေ့က အန်တီစိမ်းနု နဲ့ မေမေ့အသံကြောင့် ထူးခြား အတွေးတို့ ရပ်တန့်သွားရသည် ...

"ဟဲ့ ... ညဉ်းသိပြီးပြီမလား ... မငွေခင်တို့ သမက်က သူ့ယောက်ျားလုပ်တဲ့ ကုမ္ပဏီ ပိုင်ရှင်တဲ့အေ့ ... ပိုက်ဆံကတော့ ချမ်းသာသလားမမေးနဲ့အေ "

ရင်ခွင်ထဲက သတို့သမီးWhere stories live. Discover now