355 8 2
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၁

၁.၁

" အမေကလည်း ... အမေပဲ ဘိလပ်ကပြန်လာတာနဲ့ သားလုပ်ချင်တာအကုန်ပေးလုပ်မယ်ဆို "

ဟူသော စကားကိုပြောရင်း မိခင်ဖြစ်သူအား ဂျီတိုက်နေသူမှာ အခြားသူမဟုတ် ။ သက်ဝေသာဖြစ်သည် ။ 

အခြားလူများအမြင်တွင် သက်ဝေသည် ဘိလပ်သို့သွား၍ ဝတ်လုံတော်ရပညာကိုသင်ခဲ့သော ဘိလပ်ပြန် ဝတ်လုံတော်ရ သက်ဝေဖြစ်လျှင်ဖြစ်နေနိုင်သော်လည်း အိမ်တွင်မူ ထိုသို့မဟုတ် ။ 

အငယ်ဆုံးသားဖြစ်သည့်အပြင် မောင်နှမငါးယောက်ထဲတွင် စာအတော်ဆုံးဖြစ်သောကြောင့် မိဘနှစ်ပါးအပြင် နှစ်ဖက်ဆွေမျိုးများ၏ သည်းသည်းလှုပ်ချစ်ခြင်းကိုခံရသော သက်ဝေလင်းသာဖြစ်သည် ။ 

ဤသို့အချစ်ခံရခြင်းက ငယ်စဥ်ကကောင်းသော်လည်း အရွယ်ရောက်လာသောအခါ စိတ်ရှုပ်စရာဖြစ်လာသည် ။ ချစ်၍ပြောခြင်းဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် အရာရာကို ပိတ်ပင်တားဆီးနေကြခြင်းကို သည်းမခံနိုင်တော့ ။ ထို့ကြောင့် ယခု ရှမ်းပြည်ဘက်ရှိ အဖွားဖြစ်သူထံတွင်သွားနေမည်ဟူသောစိတ်ကူးကို တားဆီးနေကြသော မိဘများနှင့် အတိုက်အခံဖြစ်နေခြင်းဖြစ်သည် ။ 

၁.၂

ရှမ်း​ြပည်ဘက်သို့သွားမည့်ကိစ္စနှင့်ပတ်သတ်၍ သက်ဝေတစ်ယောက် မိဘများနှင့် အငြင်းပွားနေစဥ် ကယ်တင်ရှင်ကိုကိုကြီးက ရောက်လာသည် ။ ကိုကိုကြီးသည် သက်ဝေလောက် အလိုလိုက် မခံရ ၊ အချစ်မခံရသော်လည်း မိဘနှစ်ပါးစလုံးကို စိတ်ချမ်းသာအောင်ထားသူဖြစ်၍ မိဘများက ကိုကိုကြီးပြောစကားဆိုလျှင် လက်ခံသည်ကများသည် ။ ထို့ကြောင့် ဧည့်ခန်းထဲသို့ဝင်လာသော ကိုကိုကြီးအနားသို့ ပြေးသွားလိုက်ပြီး ကိုကိုကြီး၏လက် မောင်းကို တွဲလိုက်ကာ

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now