၂၄

41 1 0
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၂၄

၂၄.၁

အချိန်အတော်ကြာအောင် စိုးတင့်ကငြိမ်သက်နေသဖြင့် မြင့်မြတ်တို့လည်း စုံစမ်းမှုများကို ရပ်ထားရသည် ။ လှုပ်ရှားမှုမရှိ၍ရပ်ထားသောရသော စုံစမ်းမှုကို တစ်ရက်တွင် မိခင်ဖြစ်သူက ပြန်လည်အသက်သွင်းပေးခဲ့သည် ။

" ငမြင့် .... နင်လည်းအလကားနေအပြင်ပဲထွက် မနေနဲ့ ..... မနေ့က ဟိုဘက်ရွာမှာအနုကြမ်းစီးခံရတာ အတော်များများပါသွားတယ်တဲ့ " 

ဟူသော သတင်းစကားက မြို့သားထံသို့ ချက်ချင်းပြေးသွားနိုင်လောက်အောင်အထိ စွမ်းဆောင်နိုင်သောကြောင့် ထိုသတင်းကိုကြားသည်နှင့် မြို့သားတို့အိမ်ဘက်သို့ ပြေးလာခဲ့လိုက်သည် ။ 

အမောပြေဆေးလေးက ကွပ်ပျစ်ပေါ်တွင် ခုံတစ်လုံးချကာ စာရေးနေသောကြောင့် ဆူဆူညံညံမလုပ်နေတော့ပဲ အလိုက်တသိပင် ဘေးတွင်ဝင်ထိုင်လိုက်သည် ။ မြို့သားက မိမိ၏ အပြုအမူများကိုပြုံး၍ကြည့်နေပြီး ထိုင်လိုက်သောအခါမှ

" မောကြီးပန်းကြီးနဲ့ ဘယ်လိုဖြစ်လာတာမောင်ရဲ့ "

ဟု ေမးသည် ။ မေးရင်းကလည်း ရေနွေးကြမ်းတစ်ခွက်ကို အလိုက်တသိနှင့်ငှဲ့ပေးသဖြင့် ထိုရေနွေးခွက်ကို မော့သောက်လိုက်ပြီး

" မောင့်အသက်ရဲ့ အပြုအမူတစ်ခုချင်းစီကိုက မောင့်ကိုအရူးရင့်အောင်လုပ်နေတာဆိုတာ မောင်သိလိုက်ပြီ "

ဟု ပြောလိုက်သည် ။ ဤစကားကိုကြားသောအခါ မြို့သား၏မျက်နှာလေးက ရဲသွားသည် ။ ထို့နောက် မျက်စောင်းထိုးကာ

" အပိုတွေ "

ဟု ပြောသည် ။ မြို့သားနှင့် ချစ်စကားကြိုက်စကားများဆက်ပြောနေလျှင် လာရင်းအကြောင်းအရာဆီသို့ ေရာက်တော့မည်မဟုတ်သောကြောင့် ပြုံးလိုက်ပြီး

" မောင့်အသက်ကို မောင်ပြောပြစရာတစ်ခုရှိလို့လာတာ "

ဟု ပြောလိုက်သည် ။ မြို့သားက မိမိ၏စကားကိုစောင့်နေဟန်ဖြင့် ငြိမ်သက်နေသောကြောင့် မိခင်ဖြစ်သူထံမှသိလာရသည့်စကားကို မြို့သားအားပြောပြလိုက်သည် ။ 

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now