၂၁

40 1 0
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၂၁

၂၁.၁

မျက်လုံးများကိုမှိတ်၍ လက်အုပ်ချီပြီး ငြိမ်သက်နေသောမြို့သားက မည်သည့်ဆုကိုတောင်းနေသည်ကို မြင့်မြတ်မသိသော်လည်း မိမိကမူ

" ဘယ်သူခွဲခွဲ တပည့်တော်နဲ့မြို့သား ဘယ်တော့မှမကွဲပါရစေနဲ့ အရှင်မြတ်စွာဘုရား "

ဟူသော ဆုကိုသာတောင်းမိသည် ။ ထိုစဥ် မြို့သားက ပိတ်ထားသောမျက်လုံးများကိုဖွင့်လာပြီး

" ဟောဗျာ ကိုမြင့်ရေ "

ဟု ခေါ်သည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" မောင့်အသက်လေးက ဘယ်အချိန်ပဲနေနေအမြဲအေးချမ်းနေတာပဲ "

ဟု ​ပြောလိုက်သည် ။ ဤစကားအဆုံးတွင် မြို့သားက မျက်လုံးများပိတ်သွားသည်အထိပြုံးကာ 

" မြှောက် မပြောလည်း ကျွန်တော်ကကိုမြင့်ကိုပဲချစ်မှာပါနော် "

ဟု ပြောသည် ။ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းမှုက တစ်စက်ကလေးပင်လျော့မသွားသောမြို့သားကို စိတ်ရှိတိုင်းဆိုလျှင် တစ်ကိုယ်လုံး သိမ်း၍ဖက်လိုက်ပြီဖြစ်သော်လည်း ယခုမိမိတို့ရောက်နေသည်က ဘုရားပေါ်တွင်ဖြစ်သောကြောင့် ချောင်းဟမ့်လိုက်ပြီး

" အေး လုပ်ထား လုပ်ထား ... နောက် မှအတိုးရောအရင်းရောပေါင်းယူမယ် " 

ဟု ပြောလိုက်သည် ။ 

၂၁.၂

သက်ဝေ ကိုမြင့်နှင့်အတူ ဘုရားဝန်းထဲမှထွက်လာခဲ့ပြီးနောက် ကိုမြင့်အား

" ကိုမြင့် ... ကျွန်တော်တို့ညစျေးသွားကြမလား " 

ဟု မေးလိုက်သည် ။ မိမိ၏စကားကြောင့် ကိုမြင့်က အံ့အားသင့်သွားသည်ထင်သည် ။ အူလည်လည်ဖြင့်

" မောင့်အသက် ညစျေးက .... " 

ဟု စကားစသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" ဘာဖြစ်လို့လဲ ကိုမြင့်ကကြောက်လို့လား "

ဟု မေးလိုက်သည် ။ ဤမေးခွန်းကို ကိုမြင့်က ခေါင်းခါ၍

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now