၂၂

38 1 0
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၂၂

၂၂.၁

ဖခင်ဖြစ်သူ၏အမွေဖြစ်သောကြောင့် ထုတ်ပင်မကြည့်ပဲ သိမ်းထားသော ဒူးလေးကို မြင့်မြတ်တစ်ယောက် ယနေ့မှ ထူးထူးဆန်းဆန်းထုတ်ကြည့်နေသောကြောင့်ထင်သည် ။ မိခင်ဖြစ်သူက အနားသို့ မယောင်မလည်ဖြင့်ကပ်လာကာ

" တောလိုက်သွားမလို့လား "

ဟု မေးသည် ။ ထို့ကြောင့် ခေါင်းခါလိုက်ပြီး

" လူဆိုးဖမ်းမလို့ အမေရဲ့ "

ဟု ပြောလိုက်သည် ။ ယခုတစ်ကြိမ်တွင်မူ မိခင်ဖြစ်သူက ပါးစပ်အဟောင်းသားနှင့်

" ငါကတော့ ဒီတစ်လောကလုံးမှာ နင့်ကိုအဆိုးဆုံးလို့ထင်ထားတာ ... နင့်ထက်ဆိုးတဲ့လူလည်းရှိသေးတာလား "

ဟု ပြောသည် ။ ဆက်ပြောနေလျှင် သွေးတိုး၍သေရုံသာရှိတော့သောကြောင့် ခေါင်းခါလိုက်ပြီး

" အမေ့ဟာအမေသာ သွားစရာရှိတာသွားစမ်းပါ ... အချိန်ကုန်ခံပြီး ကျုပ်ကိုလာစပ်စုမနေနဲ့ .... သွေးတိုးနေအုံးမယ် "

ဟု ပြောကာ မတ်တပ်ထရပ်လိုက်သည် ။

ဟု အဖြေပြန်ပေးလိုက်သည် ။

၂၂.၂

မြို့သားသိလျှင် အဆူခံရမည်ကိုသိသော်လည်း မြင့်မြတ် စိတ်ရှင်းစေရန် ဤနေရာသို့ နောက်ထပ်တစ်ခေါက်ထပ်ရောက်လာခဲ့ရသည် ။ ပုလိပ်များ မကြာသေးခင်ကလာသွားသောကြောင့် ဤပတ်ဝန်းကျင်သည် သုသာန်တစပြင်ကဲ့သို့ ငြိမ်သက်တိတ်ဆိတ်နေသော်လည်း ဤနေရာမှ မိမိတို့ရှာနေသော သဲလွန်စကို ရှာ၍တွေ့ပေလိမ့်မည်ဟု စိတ်ထဲမှသိနေသည် ။ ထို့ကြောင့် တစ်နေရာမှမလစ်လပ်စေပဲ မိမိတို့အသုံးဝင်လောက် မည့်အရာကို လိုက်ရှာနေမိသည် ။ ဤသို့လိုက်ရှာရင်း ဂိုထောင်အပျက်တစ်ခု၏ စားပွဲခုံပေါ်တွင် သေနတ်တစ်လက်ကိုတွေ့ရသည် ။ မိမိတို့ရွာတွင် သေနတ်ကိုင်နိုင်သူဟူ၍ မြို့သားတစ်ယောက်သာရှိသောကြောင့် သေနတ်ကိုမြင်မြင်ချင်း ရင်ထဲတွင် ထိတ်သွားသည် ။

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now