Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း
- အချစ်၏ ပထမဆုံးရင်ခုန်သံ -
အပိုင်း - ၂၅
၂၅.၁
ကိုမြင့်တို့အိမ်မှ ကိုမြင့်၏မိခင်ဖြစ်သူ၏လက်ရာသည် သက်ဝေတို့အိမ်မှလက်ရာလောက်စား၍မကောင်းလှသော်လည်း ကိုမြင့်နှင့်အတူ စားရခြင်းဖြစ်သောကြောင့် ညအိပ်ကာနီးမှ ထမင်းအတော်များများစားဖြစ်သွားသည် ။ ကိုမြင့်က ထမင်းစားပြီး ရေနွေးထိုင်သောက်နေသောမိမိကို ပြုံးစိစိနှင့်ကြည့်ပြီး
" အမေ့ကိုနောက်နေ့ကျရင် ဆန်သုံးလုံးပိုတည်ခိုင်းရမယ် "
ဟု ပြောသည် ။ ကိုမြင့်၏စကားက မိမိသည်အစားကြီးသူဖြစ်သည်ဟု ရည်ညွှန်းနေသောကြောင့် ကိုမြင့်ကို မျက်စောင်းထိုးလိုက်မိသည် ။ ကိုမြင့်က မိမိ၏အပြုအမူကိုကြည့်ပြီး တဟားဟားအော်ရယ်ကာ
" မောင့်အသက်လေးက တကယ့်ကိုချစ်စရာလေးပါကွာ "
ဟု ပြောပြီး မိမိကို ရင်ခွင်ထဲသို့အတင်းဆွဲသွင်းသည် ။ ကိုမြင့်က ယခုမှ လောလောလတ်လတ်ရေချိုးထားသဖြင့် အနံ့မရှိသော်လည်း
" ဖယ်ဗျာ ..... နံတယ် "
ဟု တမင်ပြောပြီး ကိုမြင့်ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည် ။
၂၅.၂
မြို့သားက
" ဖယ်ဗျာ ..... နံတယ် "
ဟု ပြောကာ ထမင်းစားပြီးသည့်ပန်းကန်များကိုသယ်၍ နောက်ဖေးသို့ထွက်သွားသဖြင့် မြင့်မြတ်
" ချော်လဲနေမယ် အသက် "
ဟူသော စကားကိုအော်ပြောပြီး မီးအိမ်ကိုယူ၍ မြို့သားအနောက်သို့လိုက်သွားလိုက်သည် ။ မြို့သားက မြေကြီးပေါ်တွင်ချထားသော စဥ့်အိုးများအနီးတွင်ထိုင်ကာ ပန်းကန်ဆေးရန်ပြင်နေသောကြောင့်
" မလုပ်ပါနဲ့ မောင့်အသက်ရယ် ..... မောင်လုပ်ပါ့မယ် .... အသက်ကဟိုနားလေးမှာပဲသွားစောင့်နေ "
ဟု ပြောပြီး မီးအိမ်ကို အဖုံးရှိသည့်စဥ့်အိုးပေါ်တွင်တင်လိုက်သည် ။ မြို့သားက
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)
Historical Fictionမြင့်မြတ်မောင် + သက်ဝေလင်း မြင့်မြတ်မောင် + သက်ဝေလင်း ⏭ 18.1.2024 ⏭ 12.9.2024