Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း
- အချစ်၏ ပထမဆုံးရင်ခုန်သံ -
^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^
အပိုင်း - ၁၃
၁၃.၁
မိမိစိတ်ထဲတွင်ဖြစ်ပေါ်နေသည့် သံသယများအတိုင်း မြို့သားသည်လည်း ဓားပြများကို သံသယဝင်နေကြောင်း သိလိုက်ရသဖြင့် မြင့်မြတ် အနည်းငယ်နွမ်းနေသော မြို့သား၏မျက်နှာကို ကြည့်လိုက်ပြီး
" ဒါဖြင့် ကျုပ်တို့ဘာလုပ်ကြမလဲ "
ဟု မေးလိုက်သည် ။
" လတ်တလောတော့ ဒီအကြောင်းကို ဘယ်သူမှမသိတာအကောင်းဆုံးပဲ ... ကိုမြင့်ပြောသလို ဓားပြအုပ်စုထဲမှာ ရွာထဲကလူပါရင် သတိထားတာမမှားဘူး "
ဟူသော အဖြေကို မြို့သားက ပြန်ပေးသောကြောင့် မြို့သား၏စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည် ။ ထိုစဥ်
" အောက် မှာ ကိုမြင့်မောင်ရဲ့မာတာမိခင်ရောက်နေတယ် "
ဟူသော သတင်းစကားနှင့်အတူ စိုးတင့်က အခန်းထဲဝင်လာသည် ။ ဤသို့ဝင်လာရင်း
" နွားလှည်းရုတ်တရက်ပျောက်သွားလို့ ရွာထဲမှာမေးကြည့်တော့ ကျုပ်တို့အိမ်ဘက် မောင်းလာတာတွေ့လို့ လှည်းကို ကိုမြင့်မောင်ရိုးရိုးသားသားယူလာတာဟုတ်ရဲ့လား လာစုံစမ်းတာတဲ့ "
ဟု မိခင်ဖြစ်သူ ဤနေရာအထိရောက်လာရသည့်အကြောင်းကို ပြောပြသော်လည်း မြို့သားကို စလိုသဖြင့် ပြုံးလိုက်ပြီး
" အပိုတွေ ... အမှန်တော့ မြို့သားကိုလာကြည့်တာ ... အခွင့်အရေးပေးရင် ကျုပ်နဲ့မြို့သားကို နားဖောက်ပေးမလို့ "
ဟူ၍ ပြောလိုက်သည် ။ ပြီးသည်နှင့် ထိုင်နေရာမှ လှစ်ကနဲထပြေးလာခဲ့လိုက်သည် ။
၁၃.၂
စိုးတင့်က
" အစ်ကိုနဲ့ကိုမြင့်မောင်ကြီးက တကယ်သမီးရည်းစားတွေဖြစ်နေကြပြီလား "
YOU ARE READING
အချစ်၏ ပထမဆုံးရင်ခုန်သံ(24)