၃၀

46 2 0
                                    

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

အပိုင်း - ၃၀

၃၀.၁

ကိုမြင့်က စားပြီးသောက်ပြီးသည့်ပန်းကန်များကို ကိုယ်တိုင်ဝင်ဆေးနေသောကြောင့် သက်ဝေ ကိုမြင့်အားကူညီပေးရင်း

" မောင် "

ဟု ခေါ်လိုက်သည် ။ ကိုမြင့်က ပြုံးဖြဲဖြဲနှင့်

" ဗျာ .... ဗျ  "

ဟု ပြန်ထူးသဖြင့် 

" ကျွန်တော်တို့လက်ထပ်ပြီးရင်နေဖို့အိမ်လေးတစ်လုံးလောက်မြို့ထဲမှာဝယ်ထားရင်ကောင်းမလားလို့ စဥ်းစားနေတာ .... ဘယ်လိုသဘောရလဲဟင် "

ဟူ၍ ပြောလိုက်သည် ။ ကိုမြင့်က

" ကောင်းသားပဲ မောင့်အသက်ရဲ့ .... ဒါပေမဲ့ အသက်မဝယ်ပါနဲ့ .... မောင်ပဲဝယ်ပါ့မယ် .... မောင်က အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့မောင့်အသက်ကိုတင်တောင်းမှာ "

ဟု မိမိစကားကို တုံ့ပြန်သောကြောင့် ပြုံးလိုက်မိသည် ။ ထို့နောက်

" ဒါနဲ့ .... လက်ထပ်ပြီးရင်ကျွန်တော်တို့ဘာလုပ်စားကြမလဲ " 

ဟူသော မေးခွန်းကိုပါ ထပ်မေးလိုက်သည် ။ ကိုမြင့်က

" အသက်က မောင့်ခင်ပွန်းလေးပဲလုပ် .... မောင်ကတော့ကုန်စုံဆိုင်သေးသေးလေးဖွင့်ပြီး အသက်အနားမှာပဲကပ်နေမယ် "

ဟု အဖြေပေးသောကြောင့်

" တော်တော်ကဲနေ "

ဟူ၍ ပြောပြီး ကိုမြင့်အားမျက်စောင်းထိုးလိုက်သည် ။ 

၃၀.၂

မြို့သားက စိုးတင့်အကြောင်းကိုမမေးသေးပဲ ယာထဲသို့ထမင်းပို့ရန်ပြင်ဆင်နေသောကြောင့် မြင့်မြတ် မြို့သား၏ဘေးတွင်ရပ်လိုက်ပြီး

" စိုးတင့်သတိရနေပြီ အသက် "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် မြို့သားက မိမိအားဖြတ်ကနဲမော့ကြည့်သည် ။ ဤသို့မော့ကြည့်လာသော မြို့သား၏မျက်လုံးများထဲတွင် မျက်ရည်များဝဲနေသောကြောင့် မြို့သားကိုဖက်လိုက်ပြီး

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now