၁၅

57 2 0
                                    

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^

အပိုင်း - ၁၅

၁၅.၁

မြင့်မြတ် မိမိကိုယ်ကိုယ် သန်မာသည်ဟု ထင်ခဲ့မိသော်လည်း တကယ်တမ်းတွင်မူ မြို့သား၏ ချစ်သည်ဟူသော စကားတစ်ခွန်းနှင့်ပင် ငိုကြီးချက် မဖြစ်နေမိသည် ။ မြို့သားက ငိုနေသောမိမိကို ပြုံး၍ကြည့်ကာ

" ဘာဖြစ်လို့ငိုနေတာတုန်း ကိုမြင့်ရဲ့ ... ကလေးလည်းမဟုတ်တော့တာကို "

ဟု ပြောသည် ။ ထို့ကြောင့် ပါးပြင်ပေါ်မှမျက်ရည်များကို လက်ခုံနှင့်ဖိသုတ်ပစ်လိုက်ပြီး

" အင့် .... မြို့သားက ကျုပ်လိုလူကိုချစ်တယ်ဆိုတော့ အင့် ဝမ်းသာလို့ငိုတာပေါ့ "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် မြို့သား၏နူးညံသောလက်က မိမိပါးပြင်ပေါ်သို့ရောက်လာသည် ။ ထို့နောက်

" ကျွန်တော့်ဘဝမှာ မိန်းကလေးတစ်ယောက် မဟုတ်ပဲ ယောက်ျားလေးတစ်ယောက်ကိုသဘောကျဖူးတာ ကိုမြင့်ကပထမဦးဆုံးပဲမို့လို့ နည်းနည်းတော့ကြောက်ပေမဲ့ ကိုမြင့်က ကျွန်တော်နဲ့အတူရှိနေပေးမယ်လို့ယုံကြည်လို့ အခုမကြောက်တော့ဘူး .... အဲ့ဒါကြောင့် ကျွန်တော့်လိုပဲ ကိုမြင့်လည်းကျွန်တော့်ကိုယုံကြည်ပေး "

ဟု ခပ်တိုးတိုးပြောသည် ။ နတ်သားကဲ့သို့သောဤလူသားလေးက မိမိအားရိုးအီသွားလျှင်ပင် မိမိဘက်က ဤလူသားလေးကို စွန့်လွှတ်လိုက်ရန် အစီအစဥ်မရှိသောကြောင့် ပြုံး၍ခေါင်းညိတ်လိုက်ပြီး မြတ်နိုးရသောဤလူသားလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းပစ်လိုက်သည် ။ 

၁၅.၂

သက်ဝေတို့ ရွာထဲသို့ပြန်ရောက်ချိန်သည် ညစာစားချိန်ပင်လွန်ပြီဖြစ်သော်လည်း ဗိုက် မဆာသေး ။ ထို့ကြောင့် ကိုမြင့်နှင့်အတူ နေကြာခြံဘက်သို့ လိုက်ခဲ့လိုက်သည် ။ ကိုမြင့်က ငြိမ်သက်စွာထိုင်နေရင်း ရုတ်တရက်

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now