၁၄

51 4 0
                                    

- အချစ်၏ ပထမဆုံးရင်ခုန်သံ -

^ ခေတ်နောက်ခံကသာ တကယ်ဖြစ်ပြီး မြို့ရယ် ၊ တခြားဟာတွေရယ်ကတော့ နိုင်းရဲ့စိတ်ကူးထဲကဟာတွေပါ ^

Update Schedule ➡ ➡ သုံးရက် တစ်ပိုင်း

အပိုင်း - ၁၄

၁၄.၁

သက်ဝေတစ်ယောက် ဝတ်လုံတော်ရမင်းဟူသောဂုဏ်ကို မလိုချင်၍ မိမိအား မည်သူမှမသိသည့် ဤနေရာတွင် လာနေကာမှ စုံထောက်အလုပ်ကိုလုပ်ရန် အကြောင်းဖန်လာသည် ။ ထို့ကြောင့် သက်ပြင်းမောကိုရှိုက်လိုက်ပြီး ညဦးပိုင်းက မိမိအခန်းထဲဝင်လာသူအကြောင်းကို တွေးမိသည် ။ ဤသို့တွေးရင်း လုပ်ကြံရန်လူအလွှတ်ခံရကတည်းက နောက်ပြန်ဆုတ်ရန်မဖြစ်နိုင်တော့ကြောင်း ပို၍သေချာသွားသည် ။ ဘဝတွင် ကြီးကြီးမားမားရည်ရွယ်ချက်ဟူ၍ နယ်ချဲ့ကိုလိုနီများကို တော်လှန်လိုသည့်စိတ်သာရှိခဲ့ဖူးသော်လည်း ယခုလို လူလွှတ်၍ လုပ်ကြံခံရလောက်သည့်အခြေအနေနှင့် ကြုံလာရသောအခါ မတရားမှုကို တွန်းလှန်ကာ တရားသည့်ဘက်ကရပ်လိုသည့်စိတ်က နိုးကြားလာသည် ။

သို့သော် ...

ဘိန်းစိုက်ခင်းကိုပိုင်သူများနှင့် ဓားပြများသည် တစ်ဖွဲ့တည်းဖြစ်ကြပြီး ထိုလူများကပင် အလုပ်နှစ်ခုကို လုပ်နေခြင်းဖြစ်ကြောင်း သက်သေပြရန် အထောက်အထားမရှိ ။

ဓားပြများကလည်း မနေ့ညကတည်းကပျောက်နေကြပြီး ဘိန်းစိုက်ခင်းတွင်လည်း စိုက်ခင်းစောင့်ဖြစ်ဟန်တူသူ နှစ်ယောက် ၊ သုံးယောက်ကိုသာ တွေ့ခဲ့သည် ။ ထိုလူများကိုဖမ်းဆီး၍ စိုက်ခင်းအကြောင်းစုံစမ်းလျှင် အနည်းငယ်သိရနိုင်သော်လည်း ဖြစ်နိုင်ခြေက တစ်ရာရာခိုင်နှုန်းတွင် ငါးရာခိုင်နှုန်းသာရှိသည် ။ ထို့အပြင် ဤလမ်းက မိမိကိုယ်တိုင်ရွေးချယ်မိသောလမ်းဖြစ်သောကြောင့် အသက်ကိုခြိမ်းခြောက်ခံရပါကလည်း ရင်ဆိုင်နိုင်သော်ငြား ကိုမြင့်ကမူ ဤသို့မဟုတ် ။ မိမိကြောင့်သာ ဤပြသနာထဲ ဝင်ပါမိခြင်းဖြစ်သည် ။ ထို့ကြောင့် ကိုမြင့်ကိုမထိခိုက်စေမည့်နည်းလမ်းဖြင့်သာ ဤပြသနာကို ဖြေရှင်းရန် စိတ်ဆုံးဖြတ်ထားလိုက်သည် ။ 

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now