၃၄.

15 0 0
                                    

Update Schedule   သုံးရက် တစ်ပိုင်း


အပိုင်း - ၃၄

၃၄.၁

ယခုရက်ပိုင်းအတွင်း ပြသနာများကရှုပ်ထွေးနေသောကြောင့်သက်ဝေ ကိုမြင့်နှင့်အကြောင်းအား အဖွားဖြစ်သူအား အသိမပေးလိုသေးသော်လည်း နှင်းမွန်က ရုတ်တရက်ထဖောက်သောကြောင့် အဖွားဖြစ်သူကို

" ဟုတ်တယ် အဖွား .... ကျွန်တော်နဲ့ကိုမြင့်က မေတ္တာမျှနေကြတာပါ "

ဟု အမှန်အတိုင်းဝန်ခံလိုက်သည် ။ မိမိစကားကို အဖွားဖြစ်သူက

" ဆရာဝန်မလေးပြောသလို လက်ထပ်ဖို့အထိပါရည်ရွယ်ထားတယ်ပေါ့ "

ဟု တုံ့ပြန်သဖြင့် ခေါင်းညိတ်လိုက်သည် ။ ပြီးမှ

" သူများတွေအမြင်မှာ သားတို့ကလူကဲ့ရဲ့စရာဖြစ်ရင်ဖြစ်နေလိမ့်မယ် .... ဒါပေမဲ့ တကယ့်ကာယကံရှင်ကသားတို့ဖြစ်တဲ့အတွက် သားတို့အကြောင်းသားတို့သိတယ် အဖွား .... သူတို့ကဲ့ရဲ့လည်း ခုနစ်ရက်ပေါ့ "

ဟု ပြောလိုက်သည် ။ ယခုတစ်ကြိမ်တွင် အဖွားဖြစ်သူက

" သားပြောသလို အဖွားကအပြင်လူမို့လို့သားတို့အကြောင်းမသိပါဘူး .... ဒါပေမဲ့ တစ်ခုတော့စိုးရိမ်မိတာရှိတယ် ... သားတို့က ယောက်ျားလေးချင်းလက်ထပ်ကြမှာဖြစ်တဲ့အတွက် ကြာလာရင် တစ်ယောက်နဲ့တစ်ယောက်ရိုးအီသွားပြီး အိမ်ထောင်ရေးမသာယာမှာကိုစိုးတယ် "

ဟု မိမိစကားကို တုံ့ပြန်သည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" ကိုမြင့်က သားကိုဘယ်တော့မှအဲ့ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာကို ကိုမြင့်အစားအဖွားကိုသားကတိပေးပါတယ် .... အဲ့ဒီကတိကိုတည်နိုင်ဖို့ အဖွားဘက်က သားနဲ့ကိုမြင့်ကိုသဘောတူပေးပါ "

ဟု ပြောလိုက်သည် ။ အဖွားဖြစ်သူက

" အဖွားသဘောတူရင်တောင်မှ သားမိဘတွေသဘောကရှိသေးတယ်လေ "

ဟု မိမိစကားကို တုံ့ပြန်သောကြောင့် အဖွားဖြစ်သူ၏ဘေးတွင်ဝင်ထိုင်လိုက်ပြီး

" အဖွားသဘောကို ကျွန်တော့်မိဘတွေကဘယ်တုန်းကလွန်ဆန်ဖူးလို့လဲ "

အချစ်၏ ပထမဆုံးရင်ခုန်သံ(24)Where stories live. Discover now